၃၉၁ - ၃၉၅

166 17 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၉၁)အရမ်းလွန်သောရှီဟောင်

     သွမ့်လင်းထျန်သည် မရွေ့လျားနိုင်သော တောင်တစ်တောင်ပမာ မြဲမြံစွာရပ်နေပြီး ဂရုမစိုက်သော မျက်နှာထားဖြင့် ရှိနေသည်။

      “သွမ့်လင်းထျန်"
     ထိုအချိန်၌ ရှီဟောင် အေးစက်စွာ အော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် တောလိုက်ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်ပမာ ပထမကွင်းပြင်ပေါ်ခုန်တက်လိုက်သည်။ သူ၏ အေးစက်သော အကြည့်သည် သွမ့်လင်းထျန်ပေါ်မှ လုံး၀မခွာပေ။

       သူ သွမ့်လင်းထျန်ကို စိန်ခေါ်လိုက်သည်။

      သူ သွမ့်လင်းထျန်ကို သတ်ချင်သည်။

      ရှီဟောင်၏ အေးစက်သော မျက်လုံးထဲမှ ဒေါသနှင့် သတ်ဖြတ်ချင်စိတ်များသည် သွမ့်လင်းထျန်ကို အပိုင်းတစ်ထောင်တုံးပြီး သူ၏ အရိုးများကို မီးရှို့ပစ်ရုံမှတစ်ပါး အခြားဘာမှမလိုချင်ပုံရသည်။

     “ကြွက်သားမရီးဒန်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်…"
       ပထမကွင်းပြင်၏ အနီးနားမှ ကျောက်လင်၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုနှင့် လောဘများဖြစ်ပေါ်လာသည်။ သူသည် ကြွက်သားမရီးဒန်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်အား ကိုင်ထားသည့်မြင်ကွင်းကို မြင်ယောင်နေသကဲ့သို့ဖြစ်သည်။
      သူကြိုးပမ်းအားထုတ်မှုပြုခဲ့ခြင်းမှာ ကြွက်သားမရီးဒန်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကြောင့် ဖြစ်သည်။
    
      အထူးသဖြင့် ယခုတစ်ခေါက် အပြင်စည်းသိုင်းပြိုင်ပွဲ သေခြင်းရှင်ခြင်းပြိုင်ပွဲအဖြစ် ပြောင်းလဲသွားခြင်းမှာ နောက်ကွယ်မှ သူ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်သည်။

     အရာအားလုံးမှာ သူ သွမ့်လင်းထျန်၏ ကျင့်စဉ်ကို လိုချင်သောကြောင့် လုပ်ခဲ့ခြင်းဖြစ်သည်။

      ကြွက်သားမရီးဒန်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်…

     ယခုအချိန်၌ သူမျှော်လင့်ချက်ကို မြင်နေရသည်။
     ကြွက်သားမရီးဒန်ပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကို ပိုင်ဆိုင်မည့်မျှော်လင့်ချက်…

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now