၂၃၆ - ၂၄၀

186 16 1
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၃၆)အကျပ်အတည်း

   “ဘာလဲ…သွမ့်လင်းထျန် မင်းက မင်းရဲ့ ဒုတိယဦးလေးကို ပွင့်ပွင့်လင်းလင်း မတွေ့ချင်ဘူးလား"
     သွမ့်လုလေ၏ အကြည့်သည် သွမ့်လင်းထျန်ပေါ်သို့ ကျရောက်လာသည်။

     သွမ့်လင်းထျန် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ မျက်နှာဖုံးကို ဖယ်လိုက်သည်။ သူပေါ်ပေါက်သွားပြီဖြစ်သောကြောင့် သူဆက်လက် ဖုံးကွယ်စရာ အကြောင်းမရှိတော့ပေ။
     ယခုအချိန်၌ သူသည် ယ‌နေ့ညတွင် သွမ့်လုလေ၏ ထောင်ချောက်မိသွားသည်မှာ သေချာလုနီးပါး ဖြစ်သည်။

   သွမ့်လုလေသည် သူ့အား ထောင်ချောက်ဆင်ကာ ထောင်ဖမ်းခဲ့ခြင်းဖြစ်သည်။

    “မျှော်လင့်ထားတဲ့အတိုင်းပဲ…မင်းက သွမ့်လုဖန်းနဲ့ နည်းနည်းဆင်တယ်"
    သွမ့်လင်းထျန်၏ သွင်ပြင်ကို မြင်သည့်အချိန်၌ သွမ့်လုလေ၏ အကြည့်များ စူးရှသွားပြီး သူ၏ နှလုံးသားထဲ၌ ဒေါသအနည်းငယ် ပေါက်ဖွားလာသည်။ သူသည် သွမ့်လုဖန်း သူ၏ ဒန်တျန်အား ဖျက်ဆီးပစ်ခဲ့သည့်နေ့ကို ပြန်လည်အမှတ်ရသွားသကဲ့သို့ဖြစ်သည်။

    “ကျုပ်အရမ်းသိချင်တယ်…ကျုပ်လာမယ်ဆိုတာ ခင်ဗျားဘယ်လိုလုပ်သိတာလဲ"
   သွမ့်လင်းထျန် သွမ့်လုလေကို ကြည့်၍ မေးလိုက်သည်။

    “ဒါက မင်းဘေးက ငါ့ကို ခြေရာလိုက်ခံတဲ့ ကျွမ်းကျင်မှုမရှိတဲ့ လူနှစ်ယောက်ကြောင့်ပဲလို့ ပြောရမယ်…သူတို့ကို စီနီယာခူက အစကတည်းက သတိထားမိခဲ့တယ်"
   ထိုအကြောင်းကို ပြောလိုက်သည်အချိန်၌ သွမ့်လုလေသည် လေးစားမှုများဖြင့် သူ၏ ဘေးမှ အစိမ်းရောင်အ၀တ်အစားနှင့် အဘိုးအိုကို ပြုံးပြလိုက်သည်။

    “သခင်လေး ကျုပ်တို့ တောင်းပန်ပါတယ်"
  ကျန်းချန်နှင့် ကျောက်ကန်တို့ တောင်းပန်လိုက်ကြသည်။
    ဤပြဿနာသည် သူတို့ကြောင့်ဖြစ်လိမ့်မည်ဟု ကျန်းချန်နှင့် ကျောက်ကန်တို့ လုံး၀မထင်ထားခဲ့ပေ။ သူတို့၏ မျက်လုံးများ မှေးကျုံ့သွားပြီး ခါးသက်သော အပြုံးများဖြင့် တောင်းပန်လိုက်ကြသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now