၁၀၁ - ၁၀၅

255 22 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁၀၁)မြေးသမက်

    စုမို လေအေးများ ရှူရှိုက်လိုက်၏။
  အသက်တစ်ဆယ့်ခြောက်နှစ် အဓိကဖွဲ့စည်းမှုအဆင့်ကပင် သူ့ကို လုံလောက်အောင် တုန်လှုပ်စေနေပြီဖြစ်သည်။
    အသက်တစ်ဆယ့်ခြောက်နှစ် အဆင့်ကိုးမှော်ဆေးပညာရှင်သည် သူ့ကို ပို၍ပင် တုန်လှုပ်စေခဲ့သည်။
    သို့သော်လည်း ၎င်းသည် အဆုံးမဟုတ်သေးချေ။

     ပထမဦးစွာ ကိုးဆယ်ရာခိုင်နှုန်းကျော် သန့်စင်သော ဆေးလုံး...

     ထို့နောက် လျှို့ဝှက်နဂါးစာရင်း၏ ပထမ..

    ဒီခရမ်းရောင်အဝတ်အစားနဲ့ လူငယ်က ဘယ်လိုမွန်းစတားမျိုးလဲ...

    နီလာကောင်းကင်နိုင်ငံတစ်ခုလုံးတွင်ပင် သူသည် ဤကဲ့သို့ လူထူးဆန်းမျိုးကို တစ်ခါမျှ မကြားဖူးပေ။

     သွမ့်လင်းထျန်...

     စာရင်းသွင်းခဲ့စဉ်က လူငယ်၏ နာမည်ကို စုမိုသည် သူ၏ နှလုံးသားထဲ၌ နက်နက်ရှိုင်းရှိုင်းမှတ်မိသွားသည်။

     “ပြီးပြီ"
     ကောင်တာနောက်မှ မိန်းကလေးသည် သလင်းကတ်ပြားအား သွမ့်လင်းထျန်ကို ပြန်ပေးလိုက်သည်။

    လက်ကျန်...အမှတ်ခြောက်ဆယ်...

     “အိမ်ပြန်ကြစို့..."
     သွမ့်လင်းထျန်သည် စုမို၏ လက်ထဲမှ မီးစုန်းဆေးလုံးကို ဆတ်ခနဲ့ လုယူကာ လီဖေးကို ခေါ်လိုက်သည်။

    သွမ့်လင်းထျန်နှင့် လီဖေးသည် တံခါးဆီသို့ လျှောက်လှမ်းသွားတော့မည်ကို မြင်ရသည့်အခါ စုမို မနေနိုင်ဘဲ ပြောလိုက်သည်။
    “ခဏနပေါဦး"

    “ကိစ္စတစ်ခုခုရှိလို့လား"
    သွမ့်လင်းထျန်သည် နောက်လှည့်ကာ အပြုံးတုဖြင့် ကြည့်လိုက်သည်။

     “အစောပိုင်းတုန်းက မင်းငါကို နောင်တမရဖို့ပြောခဲ့တယ်...ငါသိချင်တာ မင်းဘာကိုဆိုလိုတာလဲ"
     စုမို မေးလိုက်သည်။

     အကယ်၍ ယခင်ကဆိုပါက သူသည် သွမ့်လင်းထျန်၏ ပြောစကားကို ဂရုစိုက်လိမ့်မည်မဟုတ်ပေ။
    သို့သော်လည်း သွမ့်လင်းထျန်သည် မည်မျှထူးဆန်းအံ့ဩဖွယ်ရာကောင်းကြောင်း သိရှိသွားသောအခါ သူ သွမ့်လင်းထျန်ကို အလေးအနက်ထားလာသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now