၃၆၆ - ၃၇၀

154 17 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၆၆)ရှောက်ရင်၏ သေခြင်း

      သေခြင်းရှင်ခြင်းနယ်ပယ်ပေါ်တွင်....

      ရှောက်ရင်၏ အဆက်မပြတ် စကားများနှင့် ရင်ဆိုင်ရချိန်၌ သွမ့်လင်းထျန် အာရုံစိုက်ခြင်းမရှိဘဲ သူ၏ လက်လှုပ်ခါသွားကာ အဆင့်ခုနှစ်ဝိညာဉ်လက်နက်ဓား‌ ထွက်ပေါ်လာသည်။

    ယခု၌ သူ၏ နှလုံးသားထဲတွင် အတွေးတစ်ခုသာရှိသည်။
     ရှောက်ရင်ကို သတ်ကာ ရှစ်လန်နှင့် ဟူလီအတွက် လက်စားချေမည်။

      “ကြည့်ရတာ မင်းက သေရမှာကို စိတ်မရှည်ဖြစ်နေတဲ့ပုံပဲ"
    သွမ့်လင်းထျန်၏ လုပ်ရပ်ကို မြင်ချိန်၌ ရှောက်ရင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်စထွက်ပေါ်လာသည်။ သူသည် သူ၏ လက်ကိုမြှောက်လိုက်ပြီး သူ၏ လက်ထဲ၌ သုံးပေရှည်လျားသောဓားတစ်ချောင်းထွက်ပေါ်လာသည်။ ၎င်းမှာလည်း အဆင့်ခုနှစ်ဝိညာဉ်လက်နက်ဓားဖြစ်သည်။

   ဝူး…

    ချက်ချင်းပင် ရှောက်ရင်၏ လက်ထဲမှ အဆင့်ခုနှစ်ဝိညာဉ်လက်နက်ဓားပေါ်တွင် မူလစွမ်းအင်များသိပ်သည်းလာသည်။ သူ၏ အထက်၌ ရှေးဟောင်းအမွေးရှည်ဆင်အရိပ်တစ်ရာနှစ်ခု ဖြစ်ပေါ်လာသည်။

     မူလအူတိုင်အဆင့်ခြောက်....အဆင့်ခုနှစ် ဝိညာဉ်လက်နက်…

     “သွမ့်လင်းထျန်…"
    အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်တွင်ရှိသကဲ့သို့ ရှောက်ရင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသေးသည်။
      “ငါမင်းကို သတ်ပြီးတာနဲ့ မင်းရဲ့ ခေါင်းကို ဖြုတ်ပြီးတော့ ဘောလုံးတစ်လုံးလိုကစားဖို့ ငါ့ညီကိုပေးမယ်လို့ ငါ သူ့ကို ကတိပေးပြီးပြီ"
    သူ၏ စကားဆုံးသောအခါ ရှောက်ရင်၏ အသံထဲ၌ သိပ်သည်းသော သတ်ဖြတ်ချင်စိတ်များ ရောပြွမ်းသွားသည်။

    ဝူး…

    ရှောက်ရင် ပြောလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်၏ လက်ထဲတွင်ရှိသော အဆင့်ခုနှစ်ဝိညာဉ်လက်နက်ဓား‌ပေါ်၌ မူလစွမ်းအင်များသိပ်သည်းလာသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now