အပိုင်း ၆ - ၁၀

581 42 2
                                    

[Unicode]
War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၆) မှော်ကမ္ပည်းရေးထိုးခြင်းပညာရပ်
    
     “ ထျန် "

     လီရို မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏သားသည် သူမကို အရင်တိုင်ပင်ခြင်းမရှိဘဲ ဆုံးဖြတ်ချက် ချလိုက်ခြင်းကြောင့် အလွန်စိတ်မကောင်းဖြစ်သွားသည်။

     “ ဘာအခြေအနေလဲ "
     လီကျယ်သည် သွမ့်လင်းထျန်ကိုကြည့်ကာ မေးမြန်းလိုက်သည်။
     သွမ့်လင်းထျန်သည် သူ၏စိန်ခေါ်မှုကိုလက်ခံစေရန် မည်သည့် အကျိုးအကြောင်းသင့်သောအခြေအ‌နေမဆို လီကျယ် လိုက်လျောရန် ပြင်ဆင်ထားသည်။
     ဒါက သူ့ညီလေးအတွက် လက်စားချေရန် အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး ဒီအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။
    
     “ ငါ့ရဲ့အခြေအနေက တအားရိုးရှင်းပါတယ်...တိုက်ပွဲကို တစ်လနောက်ဆုတ်ဖို့ပဲ...တစ်လအကြာမှာ ငါမင်းနဲ့တိုက်မယ်...အဲ့ဒါကိုမှ မင်းကလက်မခံနိုင်ဘူး ဒါမှမဟုတ် ကြောက်နေတယ်ဆိုရင်လည်း ရတယ်...မင်းငါ့ကို ဘယ်တော့မှ စိန်လာမခေါ်ဖူးပူးလို့ မှတ်လိုက်မယ် "
     လီကျယ်သည် သူ၏အခြေအနေကို လက်ခံမည်ဆိုတာကိုသိသဖြင့် သွမ့်လင်းထန်၏ အမူအရာတည်ငြိမ်နေပေသည်။

     “ ကောင်းပြီ...ငါမင်းကို အချိန်တစ်လပေးမယ်...အဲ့ဒီအချိန်ကျရင်တော့ မင်းကြောက်ပြီး တွန့်ဆုတ်မနေဖို့ ငါမျှော်လင့်ပါတယ် "
     လီကျယ်၏ နှုတ်ခမ်း‌ထောင့်တွင် ချက်ချင်းပင် အေးစက်သည့်အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
    
     လီကွင်နှင့် လီကျယ်ထွက်လာခဲ့ပြီးနောက် လီကွင်၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွားပြီး
     “ ကျယ်လေး...သွမ့်လင်းထျန် တိုက်ပွဲကို တစ်လနောက်ဆုတ်လိုက်တာက မင်းကိုအနိုင်ရမယ်လို့ ယုံကြည်ချက်ရှိလို့ မဟုတ်ဘူးလား...ဒါကို ဘာ့ကြောင့် မစဉ်းစားဘဲ သူ့ရဲ့အခြေအနေကို ချက်ချင်းလက်ခံလိုက်ရတာလဲ "

     “ အဖေ...အမှိုက်က အမြဲတမ်း အမှိုက်ဖြစ်နေမှာပဲ...သူရဲ့ ကျင့်ကြံမှုအဆင့်က ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်တစ်ပဲလေ...နောက်တစ်လနေရင်တောင် သူက ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်နှစ်ကို ရောက်မှာမဟုတ်ဘူး "
     လီကျယ် ယုံကြည်မှုရှိစွာ ရယ်မောလိုက်သည်။
    
      “ ဒါပေမယ့်.... "

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now