၃၃၁ - ၃၃၅

184 18 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၃၁)နှစ်တစ်သောင်းကျောက်စက်ပန်းဆွဲနို့ရည်

       စောင်းနေသော သစ်ပင်စိုက်၀င်နေသည့် နှစ်မီတာသုံးမီတာပတ်လည်သည် စိုစွတ်နေကြောင်း သွမ့်လင်းထျန်သတိထားမိလိုက်သည်။ ၎င်းသည် ချောက်နံရံ၏ အခြားအပိုင်းများနှင့် လုံး၀ကွဲပြားခြားနားသည်။
     ထို့ပြင် ချောက်နံရံ၏ ထိုအပိုင်းသည် အခြားအပိုင်းများထက် အနည်းငယ်ပို၍နက်သော အရောင်ရှိသည်။
     အကယ်၍ တစ်စုံတစ်ယောက်သေချာမကြည့်ပါက ၎င်းကို သတိပြုမိလိမ့်မည် မဟုတ်ပေ။
 
     “ရှူး…ရှူး"
    ချောက်နံရံ၏ နောက်မှ စပါးအုံးလေးနှစ်ကောင်၏ အသံထွက်ပေါ်လာသည်။ သူတို့သည် သွမ့်လင်းထျန်ကို ၀င်လာရန် အလျင်အမြန်တိုက်တွန်းနေသကဲ့သို့ဖြစ်သည်။

       “မင်းတို့နှစ်ကောင် ငါ့ကို အထဲ၀င်လာစေချင်တာလား"
     သွမ့်လင်းထျန်၏ နှုတ်ခမ်းများ ခါးသီးသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ သူ စောင်းနေသော သစ်ပင်၏ အောက်မှ အဆုံးမဲ့တွင်းနက်ကြီးကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားထဲ၌ အေးစက်မှုတစ်စွန်းတစ်စ ပေါ်ပေါက်လာသည်။

    ဘန်း…

    ထိုအချိန်၌ ကျယ်လောင်သော ဆူညံသံတစ်သံထွက်ပေါ်လာသည်။
    ၎င်းသည် ချောက်နံရံ၏ အထဲမှ အသံဖြစ်ပြီး အတော်လေးကျယ်လောင်သည်။ စပါးအုံးလေးနှစ်ကောင်လုပ်နေခြင်းဖြစ်ကြောင်းကို သွမ့်လင်းထျန် သိသည်။

     စပါးအုံးလေးနှစ်ကောင် ဘာလုပ်ချင်သည်ကို သူ သိလိုချိန်၌ သူ၏ ရှေ့၌ ချောက်နံရံသည် အက်ကွဲကြောင်းများ ထလာကြောင်းကို သူသတိပြုမိလိုက်သည်။

    ထိုအက်ကွဲကြောင်းများသဘ် မျက်တောင်တစ်ခတ်အတွင်းမှာပင် ပင့်ကူအိမ်လိုဖြစ်သွားသည်။

      “ဒါက…"
     ထိုမြင်ကွင်းကို မြင်ချိန်၌ သွမ့်လင်းထျန်၏ အကြည့်များတောက်ပသွားပြီး တစ်ချိန်တည်းမှာပင် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
     “နက်လေး…ဖြူလေး…ဘေးဖယ်ထားကြ"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now