၅၆၁ - ၅၆၅

162 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၆၁)မျှော်လင့်ချက်

       “ကောင်လေး သွားစို့"
    သူ့ကို ခရမ်းရောင်လေပြင်းတစ်ခု တိုက်ခတ်သွားသည်။ တော်၀င်ဂဠုန်၏ တိမ်ကဲ့သို့ အတောင်ပံများသည် သွမ့်လင်းထျန်၏ ၀န်းကျင်မှ မိုးပြာတောအုပ်တြိဂိုဏ်း၏ အဖွဲ့၀င်များကို ပုတ်ထုတ်လိုက်ရာ လူများစွာ လွင့်ထွက်သွားသည်။

      မကြာခင်၌ တော်၀င်ဂဠုန် သူ့ကို သုတ်ချီသွားပြီး သွမ့်လင်းထျန် သူ၏ ခန္ဓာကိုယ် ပေါ့သွားသည်ဟု ခံစားလိုက်ရသည်။

      “မိုယှီ"
     တော်၀င်ဂဠုန် သူ့ကို သုတ်ချီသည့်အချိန်၌ သွမ့်လင်းထျန်၏ လက် အလင်းလက်သကဲ့သို့လှုပ်ရှားသွားကာ အနီးမှ မိုယွီ၏ လက်ကို ဆွဲကိုင်ပြီး တော်၀င်ဂဠုန်၏ ကျောပေါ် ပစ်တင်ပေးလိုက်သည်။

      “သွမ့်လင်းထျန်ကို ကာကွယ်ပေးကြ"
     မိုက်ဇာတောင်သခင်ကျန့်ဖန်နှင့် မဲရက်တောင်သခင်ခယ်ကျန်းတို့ တစ်ယောက်နှင့် တစ်‌ယောက်ကြည့်ပြီးနောက် တစ်ချိန်တည်းမှာပင် တော်၀င်ဂဠုန်၏ ကျောပေါ်သို့ ခုန်ဆင်းလိုက်သည်။ သူတို့သည် တော်၀င်ဂဠုန်ဆီသို့ ပျံသန်းလာသည့် မိုးပြာတောအုပ်၏ အကြီးအကဲများကို အပြင်းအထန် ပြန်လည်တိုက်ခိုက်လိုက်သည်။

    ဝှစ်…

     မကြာခင်၌ အဝေးမှ အလင်းလက်သကဲ့သို့ ပုံရိပ်တစ်ခုသည် တော်၀င်ဂဠုန်၏ ကျောပေါ်သို့ မြဲမြံစွာကျဆင်းလာသည်။

      ထိုလူကိုမြင်ချိန်၌ သွမ့်လင်းထျန်၏ မျက်နှာပျက်ယွင်းသွားသည်။
      “ကျောက်လင်"
   
     ယခုအချိန်၌ တော်၀င်ဂဠုန်၏ ကျောပေါ် ထွက်ပေါ်လာသောသူမှာ အခြားမဟုတ် သွမ့်လင်းထျန်ကို အလွန်တရာမုန်းတီးသော မက်ဂရက်တောင်၏ အပြင်စည်းအကြီးအကဲကျောက်လင်ဖြစ်သည်။

     “သွမ့်လင်းထျန် မင်းငါ့သားရဲ့ ဘ၀ကိုဖျက်ဆီးခဲ့တယ်…မင်းငရဲကိုသွားလိုက်တော့"
     ကျောက်လင် ရူးသွပ်သော မျက်နှာထားဖြင့် သူ၏ လက်ကိုလွှဲယမ်းလိုက်သည်။
       သွမ့်လင်းထျန်ဆီသို့ ကြောက်မက်ဖွယ်ရာမူလစွမ်းအင်များ တိုး၀င်လာသည်။ သူ၏ အထက်၌ ရှေးဟောင်းအမွေးရှည်ဆင်အရိပ်လေးထောင့်နှစ်ရာသိပ်သည်းနေသည်။
     ကျောက်လင် ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်သုံးအား ချိုးဖျက်ခဲ့ကြောင်း ထင်ရှားသည်။
    ထို့ပြင် သူသည် အခြေခံအင်အားစုကို အသုံးပြုခဲ့သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now