၉၂၆ - ၉၃၀

177 13 0
                                    


အပိုင်း(၉၂၆)တုန်လှုပ်မှုများ

      ခွမ်း...ခွမ်း...ခွမ်း...ခွမ်း...ခွမ်း…

   ………

     ထိုအချိန်၌ အဆက်မပြတ် ခွက်ကျကွဲသံများ ထွက်ပေါ်လာသည်။ မကြာခင်၌ နောင်တရမှုဖြင့် ညည်းညူနေသောအသံများစွာ ထွက်ပေါ်လာသည်။
    ရေခဲမီးနန်းဆောင်၏ ပဉ္စမထပ်က ဝိုင်များသည် ဈေးမပေါပေ။ သူတို့သည် ဤကဲ့သို့ ဖြုန်းတီးမိ‌ခြင်းကြောင့် သူတို့၏ နှလုံးသားထဲ နာကျင်မှုများ ခံစားလိုက်ရသည်။

     ဆဌမထပ်၏ လှေကားဝင်ပေါက်…

      သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူသည် ဆဌမထပ်သို့ တက်လာသည်ကိုမြင်ချိန်၌ ထိုနေရာ၌ စောင့်ကြပ်နေသော အစောင့်နှစ်ယောက်သည် အနည်းငယ်ကြက်သေသေသွားသော်လည်း ဘာမျှ မပြောကြပေ။ 
     ဤလှေကားပေါ် တက်လာသောကြောင့် သူတို့ရှေ့က လူငယ်နှစ်ယောက်ထဲက တစ်ယောက်သည် အနည်းဆုံး ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ငါး သို့မဟုတ် အထက်အဆင့်စွမ်းအားရှိသူဖြစ်သည်။
    သူတို့ထဲက တစ်ယောက်သည် ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်  ခြောက်သိုင်းပညာရှင်ဖြစ်လျှင် မှော်ကမ္ပည်းအစီအရင်၏ အသိအမှတ်ပြုခံရလိမ့်မည်ဖြစ်သည်။
       သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူသည် လှေကားထစ်ကို ဖြတ်ကျော်သွားချိန်၌ လှေကား၏ ဝင်ပေါက်မှ အသံနှစ်သံထွက်ပေါ်လာရာ သက်လတ်ပိုင်းလူနှစ်ယောက်လုံး လုံး၀ ကြက်သေသေသွားသည်။
    ၎င်းသည် မည်သည့်အရာအား ဆိုလိုကြောင်းကို သူတို့ သိသည်။ ၎င်းမှာ လုလင်နှင့် မိန်းကလေး နှစ်ယောက်လုံးသည် ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ခြောက် သို့မဟုတ် အထက်အဆင့်ဟု ဆိုလိုခြင်းဖြစ်သည်။
     မျှော်လင့်ထားသည့်အတိုင်း  သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူတို့ ရောက်လာပြီးနောက် ဆဌမထပ်တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

    “လူထူးဆန်းတွေ"

     “မကောင်းဆိုးဝါးတွေ"
  
    ………
     အလားတူ ထိတ်လန့်မှုဖြင့် အနိမ့်အမြင့် အတက်အကျသံများ ထွက်ပေါ်လာသည်။
     ထိုလူများအားလုံးသည် သွမ့်လင်းထျန်နှင့် ဖုန်ထျန်းဝူကို အလွန်တုန်လှုပ်သော မျက်နှာအမူအရာများဖြင့် ကြည့်နေကြသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now