၂၄၆ - ၂၅၀

205 20 1
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၄၆)အတွင်းမြို့ထဲ၌ ရုတ်ရုတ်သဲသဲဖြစ်ခြင်း

     “ဟန့်"
     သွမ့်လင်းထျန်သည် ထုန်လီကို အေးစက်စွာ ကြည့်ပြီးနောက် စားသောက်ဆိုင်ထဲသို့ ၀င်ရောက်သွားသည်။

    သွမ့်လင်းထျန် ဖြတ်လာသည့်‌ နေရာတိုင်း ပွဲကြည့်နေကြသော ကျောင်းသားများသည် သူ့ကို လမ်းဖယ်ပေးလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲ၌ ရိုသေလေးစားမှုများ ထွက်ပေါ်နေသည်။
      ယခုအချိန်၌ အတန်းမြင့်ကျောင်းသားများပင် သွမ့်လင်းထျန်ကို ကြည့်၍ ကြောက်လန့်နေကြသည်။

     မူလအူတိုင်အဆင့်နှစ်ဖြစ်သည့် ရွှယ်လန်သည် သွမ့်လင်းထျန်၏ ဒန်တျန်ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

   ဤသွမ့်လင်းထျန်သည် အလွန်ကြောက်စရာကောင်းလှ၏။

     နေ့လယ်စာ စားနေစဉ်အတောအတွင်း၌ သူတို့၏ စားပွဲဝိုင်းသည် မနှိုင်းယှဉ်သာအောင် တိတ်ဆိတ်လို့နေသည်။

     ရှောင်ယွီ၊ ရှောင်ရွှမ်နှင့် ထျန်ဟူတို့သည် သွမ့်လင်းထျန်၏ လက်ရှိခံစားချက်ကို နားလည်ပုံရကာ သူ့အား အနှောက်အယှက်မပေးကြပေ။ သူတို့ စားပြီးခါနီးမှသာ ရှောင်ယွီသက်ပြင်းချ၍ ဖျောင်းဖျလိုက်သည်။
     “ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးခက်ခဲအောင် လုပ်မနေပါနဲ့…ဒ့ါမင်းအပြစ်မဟုတ်ပါဘူး…မင်းက ထန်ကော်ကို စေတနာနဲ့ ကူညီခဲ့တာပဲကို…ဒါ့အပြင် မင်း၀င်မပါရင်တောင် ထုန်လီရဲ့ ရက်စက်ယုတ်မာတဲ့ စရိုက်နဲ့ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ထန်ကော်က အဆုံးသတ်ကောင်းမှာမဟုတ်ဘူး"

      “စိတ်မပူပါနဲ့…ငါအဆင်ပြေပါတယ်"
    သွမ့်လင်းထျန် ခေါင်းယမ်းလိုက်၏။

    သူ ထိုသို့ပြောခဲ့သော်လည်း မွန်းလွဲပိုင်းတွင် သွမ့်လင်းထျန်သည် မကျင့်ကြံဘဲ သိုင်းပညာလေ့ကျင့်ရေးကွင်း၏ထောင့်မှ သစ်ပင်ကြီးပေါ်တွင် လဲလျောင်းရင်း ကောင်းကင်ကို ငေးမောကာ ကြည့်ရှုနေသည်။

    တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန် ‌ရွှယ်လန်နှင့် ထုန်လီတို့၏ ဒန်တျန်ကို ဖျက်ဆီးခဲ့သည့် ကိစ္စသည် ဟာရီကိန်းမုန်တိုင်းတစ်ခုကဲ့သို့ သူရဲကောင်းကျောင်းတော်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
     သို့ရာတွင် အသေးစိတ်ကို သိရှိပြီးနောက် ၎င်းမှာ ထိုက်တန်သည်ဟု ခံစားရပြီး မည်သူမျှ ရွှယ်လန်နှင့် ထုန်လီတို့အပေါ်တွင် သနားကြင်နာကြခြင်းမရှိပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now