၂၂၆ - ၂၃၀

206 18 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၂၆)ပြင်းထန်သော ဒေါသများ

    “သခင်လေး…ကျူပ်သိတဲ့အတိုင်းဆို စုရုန်က အခြေတည်ဝိညာဉ်အဆင့်ခြောက်ပဲ…ကျုပ်တို့ သူ့ကို  တိုက်ရိုက်ပဲ သတ်ပစ်လို့ရတယ်မဟုတ်ဘူးလား"
  ကျန်းချန် မေးလိုက်၏။

      ကျောက်ကန် မပြောသော်လည်း သူသည် အလွန်သဘောတူညီမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။

    သွမ့်လင်းထျန်၏ နှုတ်ခမ်းများ တွန့်လိမ်ရှုံ့တွသွားသည်။
     ဒီနှစ်ယောက်က သူ့ထက်တောင် ပိုပြီး ရက်စက်တယ်လို့ သူဘာလို့ ခံစားရတာလဲ...

     “တိုက်ရိုက်လား"
    သွမ့်လင်းထျန် အသံတိုးတိုးဖြင့် လှောင်လိုက်သည်။
    “ကျုပ်တို့ တိုက်ရိုက်၀င်သွားမယ်ဆိုရင် ကျုပ်ဒီကိုရောက်နေတာက ဘာထူးခြားတော့မှာလဲ… ခင်ဗျားတို့ဗိုလ်ချုပ်က ကျုပ်စကားနားထောင်ဖို့ အမိန့်ပေးထားတယ်ဆိုတာ ခင်ဗျားတို့ မမေ့နဲ့"

    ကျောက်ကန်နှင့် ကျန်းချန်တို့ ရုတ်တရက်နားလည်သွားကြသည်။
   ဒီတော့ သခင်လေးက သူတို့ကို လေ့ကျင့်ပေးနေတာပေါ့

   “တခြားဘာမှမဖြစ်ရင် စုရုန်ကိုပဲသတ်"
   သွမ့်လင်းထျန်သည် ကျန်းချန်နှင့် ကျောက်ကန်ကို ခေါ်ကာ ပင်မအဆောက်အဦးထဲသို့ ၀င်လာပြီး အတွင်းဘက်အကျဆုံးအိပ်ခန်း၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။

    သွမ့်လင်းထျန်သည် သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ တံခါးလော့ကို ရိုက်လိုက်သည်။

    ဘန်း…

   အခန်းတံခါးပွင့်သွားသည်။

    “ဘယ်သူလဲ"
    ချက်ချင်းပင် အခန်းထဲမှ အော်သံတစ်သံထွက်ပေါ်လာပြီး အခန်းမီးလင်းသွားသည်။
      ကိုယ်တုံးလုံးသက်လတ်ပိုင်းလူတစ်‌ယောက်သည် ကုတင်၏ ရှေ့မှ ၀တ်ရုံတစ်ခုအား ယူကာဖုံးလိုက်ပြီး ကုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူသည် မျက်နှာများ ဖုံးထားသည့် သွမ့်လင်းထျန်တို့ သုံးယောက်အုပ်စုကို မှေးစင်းသော မျက်လုံးများဖြင့် မှုန်ကုပ်သောမျက်နှာထာဖြင့် မေးလိုက်သည်။
     “မင်းတို့က ဘယ်သူတွေလဲ…"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now