၆၆ - ၇၀

252 22 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း (၆၆)နှောက်ယှက်ခြင်း

      “သခင်လေး...နှင်းစပါးအုံးက စပါးအုံးလေးနှစ်ကောင်ရဲ့ အဖေလို့ ထင်လား"
    ခူအယ်၏ ကြည်ရှင်းသော မျက်လုံးများထဲ၌ သနားကရုဏာသက်သည့် အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

     “ဒီလိုဖြစ်နိုင်ချေရှိတယ်"
     သွမ့်လင်းထျန်၏ မျက်လုံးများ အရောင်လက်သွားသည်။

     စပါးအုံးလေးနှစ်ကောင်သည် အမှန်တကယ်ကို စပါးအုံးနက်နှင့် နှင်းစပါးအုံးတို့၏ သားသမီးများဖြစ်နိုင်ပြီး အကြောင်းအရင်းတချို့ကြောင့် ကွဲပြား‌နေခြင်းဖြစ်နိုင်ပေသည်။
      ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များမှတစ်ဆင့် သွမ့်လင်းထျန်သည် မျိုးကွဲသားရဲများ‌ရှိကြောင်းကို သိပေသည်။

     “သခင်လေး...ကျွန်မတို့ သူတို့ကို အိမ်ပြန်ပို့သင့်တယ်.."
    ခူအယ်ပြောလိုက်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများသည် အနည်းငယ် စိုစွတ်လာသည်။ သူမသည် တစ်စုံတစ်ခုအား တွေးတောမိသွားပုံရသည်။

     “ခူအယ် ဘာဖြစ်လို့လဲ"
     သွမ့်လင်းထျန် စိုးရိမ်တကြီးဖြစ်သွားသည်။

     “ခူအယ် အမေ့အကြောင်းကို တွေးနေတာပါ...အမေ ထွက်သွားတုန်းကလဲ ခူအယ့်ရဲ့ ကမ္ဘာကြီးတစ်ခုလုံး လဲပြိုသွားတယ်လို့ ခံစားခဲ့ရတယ်...အခု နှင်းစပါးအုံးရဲ့ ခံစားချက်ကလည်း ခူအယ်ခံစားနေရတာနဲ့ အတူတူပဲ"
    ခူအယ်၏ အသံသည် အနည်းငယ် တုန်နေသည်။

    သွမ့်လင်းထျန်သည် ထိုအခွင့်အရေးအားယူကာ သူမကို ဖက်လိုက်ပြီး သူမ၏ ကျောအား ခပ်ဖွဖွပုတ်ကာ ကြင်နာစွာဖြင့် ပြောလိုက်သည်။
     “ငတုံးမလေး...မင်းမှာ ငါမရှိဘူးလား"

     “သခင်‌လေးနဲ့ တွေ့ရတာ တကယ်ကံကောင်းပါတယ်...ဒါပေမဲ့ ဒီနှင်းစပါးအုံးက..."
     ခူအယ်၏ အသံထဲ၌ ရှိုက်သံများပင် ပါဝင်လုနီးပါးဖြစ်လာသည်။

    သွမ့်လင်းထျန်သည် ခူအယ်၏ လှပသော ဆံနွယ်များကို ထိလိုက်ပြီး ဆံနွယ်များမှ လတ်ဆတ်မွှေးကြိုင်သော အနံ့အားရှူကာ ဖြည်းလေးစွာ ပြောလိုက်သည်။
     “ဒါ အဆင်ပြေပါတယ်...ကလန်ရဲ့ သိုင်းပညာတွေ့ဆုံပွဲပြီးရင် ငါတို့ သူတို့ကို အိမ်ပြန်ပို့ပေးမယ်လို့ ငါ မင်းကို ကတိပေးတယ်"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now