၁၅၆ - ၁၆၀

205 22 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၁၅၆) သွမ့်လင်းထျန်၏ အမျက်ဒေါသ

       နောက်ဆုံး၌ သွမ့်လင်းထျန် စပါးအုံးလေးနှစ်ကောင်နှင့် စကားပြောလိုက်သည်။
      “နက်လေး…ဖြူလေး…တစ်နှစ်ရှိသွားပြီ…မင်းတို့ရဲ့ စွမ်းအားတွေက အရင်တိုင်းတော့ မဟုတ်ဘူးမလား"

     စပါးအုံးလေးနှစ်ကောင်သည် သွမ့်လင်းထျန်၏ စကားကို  နားလည်ပုံရကာ သူတို့၏ ခေါင်းလေးများကို ညိတ်လိုက်ကြသည်။

    ထိုအချိန်၌ နက်လေးနှင့် ဖြူလေးတို့၏ ခေါင်းပေါ်မှ ချိုများသည် သိသာထင်ရှားလုနီးပါးဖြစ်လာကြောင်းကို သွမ့်လင်းထျန် သတိပြုမိလိုက်သည်။
    “ကြည့်ရတာ မင်းတို့နှစ်ယောက်က တော်တော်တိုးတက်လာတဲ့ ပုံပဲ"

    သူတို့ ခန္ဓာကိုယ်များ၏ အပြောင်းအလဲမှတစ်ဆင့်  သွမ့်လင်းထျန် သူတို့၏ စွမ်းအားတိုးတက်လာမှုကို ခန့်မှန်းလိုက်သည်။
    သားရဲတစ်ကောင်၏ စွမ်းအားတိုးတက်မှုသည် များသောအားဖြင့် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာပြောင်းလဲခြင်းနှင့်အတူ လိုက်ပါလာသည်။
     ၎င်းသည် ပြန်လည်မွေးဖွားခြင်းသိုင်းအင်ပါယာ၏ မှတ်ဉာဏ်များမှ ဖြစ်သည်။

    နောက်တစ်နေ့ မိုးလင်း သွမ့်လင်းထျန် မနက်စာ စားသောက်ပြီးသည့်အချိန်၌ မမျှော်လင့်ထားသည့် ဧည့်သည်တစ်ယောက်ရောက်ရှိလာခဲ့သည်။
    ခေါင်းဆောင်လီအောက်…

    “သွမ့်လင်းထျန် ဂုဏ်ယူပါတယ်"
   လီအောက်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ဖြစ်ပေါ်နေပြီး ပြောလိုက်သည်။

    “ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"
   သွမ့်လင်းထျန် ပေါ့ပါးစွာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။

    “ဒါက လီကလန်ရဲ့ လက်ဆောင်လေးတစ်ခုပါ…မင်း သူရဲကောင်းကျောင်းတော်ကို ရောက်တဲ့အခါကျရင် မင်းက လီကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုတာ မမေ့ဖို့ ငါမျှော်လင့်ပါတယ်"
    လီအောက် ငွေဒင်္ဂါးပုံကြီးတစ်ခုကို ပေး၍ ပြောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now