၃၁၆ - ၃၂၀

183 20 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၁၆)ရွှေငါးသန်း

      “ဟင်းလင်းပြင်တိုးမြှင့်ခြင်းဆေးလုံး"
    ယခုအချိန်၌ သွမ့်လင်းထျန်ပင် လူအုပ်ကြီး၏ ခန့်မှန်းချက်ကို လေးစားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

   အဘိုးအို သူ၏ လက်‌ကိုမြှောက်လိုက်ရာ ခန်းမထဲမှ လူများ တိတ်ဆိတ်သွားသည်။
     “အားလုံးပဲ…ကျုပ်လက်ထဲက ဟာက ဟင်းလင်းပြင်တိုးမြှင့်ခြင်းဆေးလုံးမဟုတ်ပါဘူး"

    “ဟင်းလင်းပြင်တိုးမြှင့်ခြင်းဆေးလုံးမဟုတ်ဘူး"
  ခန်းမထဲမှ လူများ ကြောင်တောင်တောင်ဖြစ်သွားကြသည်။

     ဟင်းလင်းပြင်တိုးမြှင့်ခြင်းဆေးလုံးမဟုတ်ဘူးလား...

    “ဒီလိုဆို ဘာဆေးလုံးပဲ"
   
   လူတိုင်း၏ အကြည့်များအောက်တွင် အဘိုးအို ဖြည်းလေးစွာ ပြောလိုက်၏။
   “ကျုပ်ကိုင်ထားတဲ့ ဆေးပုလင်းထဲမှာ မူလအားဖြည့်ခြင်းဆေးလုံးတစ်လုံးရှိပါတယ်"

      မူလအားဖြည့်ခြင်းဆေးလုံး...
     ထိုအချိန်၌ ခန်းမထဲမှ လူများ ကြက်သေသေသွားသည်။

     မူလအားဖြည့်ခြင်းဆေးလုံးပဲလား...

     ပြီးတော့တစ်လုံးတည်းလား...

    သို့သော်လည်း ဤတစ်ကြိမ်၌ မည်သူမျှ အထွန့်မတက်ကြပေ။

    အဆုံး၌ အစောပိုင်းက သန့်စင်မှုခုနှစ်ဆယ့်ငါးရာခိုင်နှုန်းရှိသည့် မူလအားဖြည့်ခြင်းဆေးလုံးဆယ်လုံးကို တွေ့ခဲ့ရသောကြောင့် သူတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့ကြသည်။

    “ဒါက ထူးဆန်းတယ်လို့ အကုန်လုံးထင်နေကြလိမ့်မယ်…ကျုပ်တို့မာကလန် လေလံအိမ်တော်က မူလအားဖြည့်ခြင်းဆေးလုံးကို ဘယ်လိုလုပ် နောက်ဆုံးလေလံပစ္စည်းအဖြစ်ထားတာလဲ"
     ထိုအချက်ကိုပြောရာ၌ အဘိုးအို စကားရပ်လိုက်ပြီး ဆန့်တငင်ငင်ဖြစ်အောင် လုပ်လိုက်သည်။

    “ဒီအဘိုးကြီးက ‌လေလံတင်တဲ့နေရာမှာ တကယ်ကျွမ်းကျင်တာပဲ"
    သွမ့်လင်းထျန် အဘိုးအိုကို ပြတင်းပေါက်မှ ကြည့်၍ အပြုံးဖြင့် ခေါင်းယမ်းလိုက်သည်။
   
    လီဖေးနှင့် ခူအယ်သည်လည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now