၁၀၆ - ၁၁၀

227 21 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁၀၆)သေမင်းအရိပ်

     “ဒီလိုဆို  ခင်ဗျား သူ့ရဲ့ တာဝန်ကို ငြင်းပယ်မယ်လို့ ဆိုလိုတာလား"
     သွမ့်လင်းထျန် မေးလိုက်၏။

      “ဒါပေါ့"
     စီမံခန့်ခွဲသူ ခေါင်းညိတ်လိုက်သည်။

     “ကျုပ်အခု လီထိုင်ကို သတ်ဖို့ တာဝန်ပေးရင် သေမင်းအရိပ်က လက်ခံမှာလား"
    သွမ့်လင်းထျန် ထပ်မေးလိုက်၏။

    “ဒါပေါ့..သေမင်းအရိပ်က ငွေကိုပဲကြည့်တယ်...ဒါပေမဲ့ လီကလန်မဟာအကြီးအကဲရဲ့ ဈေးနှုန်းက အရမ်းမြင့်တယ်နော်"
    စီမံခန့်ခွဲသူ ပြန်ဖြေလိုက်သည်။

     “ဘယ်လောက်လဲ"
  
    “ငွေဒင်္ဂါးဆယ်သိန်း"

    “အရမ်းဈေးကြီးပါလား"

    “လီထိုင်က လီကလန်ရဲ့ မဟာအကြီးအကဲဖြစ်ပြီး မူလအူတိုင်အဆင့်ရှစ်သိုင်းပညာရှင်လေ..တကယ်လို့ မင်းဒီတာဝန်ကို တကယ်အပ်ချင်ရင် ငါတို့က စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တာကြောင့် ငါမင်းကို နှစ်ဆယ်ရာခိုင်နှုန်းလျှော့ပေးမယ်"

     “နှစ်ဆယ်ရာခိုင်နှုန်း....ဒီလိုဆိုရင်တောင် ရှစ်သိန်းကျဦးမယ်...ခင်ဗျားတို့ သေမင်းအရိပ်က လူတွေက တကယ်ကို လောဘကြီးတာပဲ"

     “မင်း ငွေမရှိရင်လည်း ဒါကို ငါ ရတနာခြောက်ပါးခန္ဓာသန့်စင်ဆေးရည်ရဲ့ အမြတ်ထဲက နှုတ်ပေးမယ်"

     “ထားလိုက်ပါ...ငွေဒင်္ဂါးရှစ်သိန်းကို ကျုပ်ဒီနေရာမှာ မသုံးချင်ဘူး...ဒါကို ကျုပ်ဘာသာကျုပ် လုပ်မယ်"

      “မင်းကလား"

     “ဘာလဲ...ကျုပ်ကို မယုံဘူးလား"

     “နည်းနည်းပါ"

      “ကျုပ် သူ့ကို သတ်ဖို့ သေမင်းအရိပ်ကို မလိုပေမဲ့ ကျုပ်ကို ကိစ္စလေးတစ်ခုလောက်တော့ ကူညီပေး...."
      စီမံခန့်ခွဲသူနှင့် သဘောတူညီမှုရကာ သူလိုအပ်သည့် ဆေးပစ္စည်းများကို ဝယ်ပြီးနောက် သွမ့်လင်းထျန် ဆေးဆိုင်ထဲမှ ထွက်လာခဲ့သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now