၅၀၆ - ၅၁၀

174 23 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၀၆)ကျောက်စက်ပန်းဆွဲနို့ရည်ကြောင့်လော

    “ကြၽိ…ကြၽိ…"
    အလွန်ကြီးမားသော ဝံပုလွေ သေသွားသည်ကို မြင်သောအခါ ရွှေကြွက်လေး အလွန်စိတ်လှုပ်ရှားသွားပြီးနောက် သွမ့်လင်းထျန်ရှေ့ ရောက်လာကာ သူ၏  ပွယောင်းယောင်းတင်ပါးကို လှုပ်ခါလိုက်သည်။
      “အစ်ကိုလင်းထျန်…ကျွန်မကြောက်စရာကောင်းတယ်မလား"
     ရွှေကြွက်လေး၏ အသံထဲ၌ ဂုဏ်ယူမှုများ ပါ၀င်နေသည်။

     “ကြောက်…ကြောက်စရာကောင်းပါတယ်"
      သွမ့်လင်းထျန် မြေပြင်ပေါ်မှ အလွန်ကြီးမားသော ဝံပုလွေအ‌လောင်းကိုကြည့်ကာ သူ အိပ်မက်မက်နေသည်ဟု ခံစားနေရသည်။

      ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်နှစ်သားရဲသည် ရွှေကြွက်လေး၏ ထိုကဲ့သို့ အသတ်ခံလိုက်ရပါသည်လော…

       “ဟဲ…ဟဲ…ဒီခွေးက အရမ်းတုံးတယ်"
     ရွှေကြွက်လေး၏ အသံ သွမ့်လင်းထျန်၏ နားထဲ၀င်လာကာ သွမ့်လင်းထျန်၏ မျက်နှာရှုံ့မဲ့သွားသည်။

       ခွေး…
     ဒီရွှေလေးက ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်နှစ်နတ်ဆိုးသားရဲကို ခွေးလို့ပြောနေတာလား....

     သွမ့်လင်းထျန်ခေါင်းခါယမ်းလိုက်ပြီးနောက် အလွန်ကြီးမားသော ဝံပုလွေ၏ သားရဲအမြုတေကို သိမ်းဆည်းကာ ရွှေလေးနှင့်အတူ ရှေးဟောင်းတောအုပ်ထဲမှ ထွက်လာခဲ့သည်။

     “အစ်ကိုလင်းထျန်…ကျွန်မအတွက် ကွက်လပ်လက်စွပ်တစ်ကွင်းလောက် သန့်စင်ပေးပါ"
     ရွှေကြွက်လေး သနားစဖွယ်မျက်နှာထားဖြင့် သွမ့်လင်းထျန်ကို မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်သည်။

      “ကောင်းပြီ…ငါတို့ပြန်ရောက်ရင် ငါမင်းအတွက် တစ်ခု သန့်စင်ပေးမယ်"
      သွမ့်လင်းထျန် အနည်းငယ်တောင့်တင်းစွာဖြင့် ခေါင်းညိတ်လိုက်သည်။

      ထို့နောက် ရွှေကြွက်လေး၏ ခန္ဓာကိုယ်ကြီးလာကာ သူ့ကို သယ်ဆောင်၍ ကျောက်စက်ပန်းဆွဲဂူသို့ ပျံသန်းသွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now