၈၉၁ - ၈၉၅

176 15 0
                                    

အပိုင်း(၈၉၁)ကြောက်စရာကျဟုန်

    နောက်ဆုံးတွင်  သွမ့်လင်းထျန်၏ မျက်နှာ နက်မှောင်သွားသည်။

     သို့သော်လည်း ကျဟုန်သည်  ၎င်းကိုသတိမထားမိပုံရသည်။
      “မင်းသာငါ့ကိုဆရာတင်မယ်ဆို ငါမင်းကိုဓားကြာပွင့်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်တောင် ဖြစ်ခွင့်ပေးနိုင်တယ်…မဟုတ်ရင်လည်း မင်း  ဂိုဏ်းချုပ်ထက်မြင့်တဲ့ စည်းကမ်းထိန်းအကြီးအကဲ လုပ်နိုင်တယ်… မင်းက ငါ့အောက်မှာပဲရှိလိမ့်မယ်...ဘယ်လိုလဲ"

     “အဓိပတိအကြီးအကဲ သူက အစောက ဒုဂိုဏ်းချုပ်လူကိုသတ်ခဲ့ပါတယ်…သူက ကျုပ်တို့ဓားကြာပွင့်နတ်ဆိုးဂိုဏ်းရဲ့ရန်သူပါ "
   ကျဟုန်၏ စကားများသည် ဓားကြာပွင့်နတ်ဆိုးဂိုဏ်း၏ အစောင့်အကြီးအကဲတစ်ယောက်ကို စိုးရိမ်စိတ်ဖြစ်သွားစေပြီး ကျဟုန်ကို ဒေါသဖြင့် ကြည့်လ်ိုက်ကြသည်။

    သို့သော်လည်း မကြာခင်၌ ထိုအစောင့်အကြီးအကဲ၏ မျက်နှာသည် အလွန်ဖြူဖျော့သွားပြီး သူ၏ လက်သည် သူ၏ လည်ပင်းကိုကျစ်ကျစ်ဆုပ်ကာ သူ၏ လည်ပင်းက လတ်ဆတ်သောသွေးများ ပန်းထွက်လာပြီး သူ၏ လက်များ အနီရောင် စွန်းထင်းသွားသည်။

       ”ဘာ…ဘာလို့လဲ"
    အစောင့်အကြီးအကဲ၏ အကြည့်သည် ဝေဝါးနေပုံရပြီး ကျဟုန်ကို ဆန္ဒမရှိသော မျက်နှာအမူအရာဖြင့်ကြည့်ရင်း အသက်ပျောက်ကာ မြေပေါ်ပြုတ်ကျသွားသည်။

    ဘန်း…

    အလောင်းသည် ကျယ်လောင်သောအသံနှင့်အတူ မြေပြင်ပေါ်ပြုတ်ကျသွားသည်။

    ထိုအချိန်၌ လျှိုစောက်၏ အလယ်ဗဟိုတည့်တည့်တွင် အလောင်းတစ်လောင်းရှိနေသည်။

     “မြန်လိုက်တာ"   
    သွမ့်လင်းထျန်၏ မျက်ခုံးများပင့်တက်သွားပြီး သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုအနည်းငယ်ဖြစ်ပေါ်သွားသည်။

      သူသည် ကျဟုန်တိုက်ခိုက်လိုက်ခြင်းကို နည်းနည်းမျှ မမြင်နိုင်ပေ။ သူသည် လေတိုးသံသဲ့သဲ့ကိုသာကြားလိုက်ရပြီး လေတိုးသံပျောက်ကွယ်သွားသည့်အချိန်၌ ဓားကြာပွင့်နတ်ဆိုးဂိုဏ်း၏ အစောင့်အကြီးအကဲ သေနေပြီဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now