၈၆ - ၉၀

233 18 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း (၈၆)‌အမှောင်ထဲမှလူ

    “လီချင်း ရောက်လာပြီ"

    “လွန်ခဲ့တဲ့ တစ်လက လီကလန်ရဲ့ သိုင်းပညာတွေ့ဆုံပွဲမှာ လီချင်းက ပထမပဲ...သူက လီကလန်မျိုးဆက်သစ်တွေရဲ့ လုံးဝပထမပဲ...သူ့ရဲ့ သိုင်းအဆင့်က အဓိကဖွဲ့စည်းမှုအဆင့်နှစ်ကိုတောင် ရောက်နေပြီတဲ့"

     “ အဓိကဖွဲ့စည်းမှုအဆင့်နှစ်...ဒါက သခင်လေးယွီနဲ့ အတူတူပဲမဟုတ်ဘူးလား..."

      “သူတို့က အဓိကဖွဲ့စည်းမှုအဆင့်နှစ်ချင်းတူတယ်ဆိုပေမဲ့ ခြားနားချက်ရှိတယ်...သခင်လေးယွီက အနက်ရောင်အဆင့်မြင့်သိုင်းပညာသုံးခုကို လေ့ကျင့်ခဲ့ပြီးတော့ သူ့ရဲ့ တိုက်ခိုက်ရေးသိုင်းပညာက ပြီးပြည့်စုံမှုအဆင့်ရောက်နေပြီ၊ သူရဲ့ အကာအကွယ်သိုင်းပညာနဲ့ လှုပ်ရှားမှုပညာရပ်နှစ်ခုလုံးကလည်း ကျွမ်းကျင်အဆင့်ကိုရောက်နေပြီ"

    “ဟုတ်တယ်...လီချင်းက အဓိကဖွဲ့စည်းမှုအဆင့်နှစ်ကိုရောက်လာတာ မကြာသေးဘူး...ဒါပေမဲ့ သခင်လေးယွီက လွန်ခဲ့တဲ့ နှစ်ဝက်ကတည်းက အောင်မြင်ခဲ့တာ"
    
      “လွန်ခဲ့တဲ့ တစ်နှစ်က သခင်လေးယွီက လျှို့ဝှက်နဂါးစာရင်းမှာ ဒုတိယဖြစ်ပြီး လီချင်းက အဆင့်သတ်မှတ်ချက်ထဲတောင် မဝင်ခဲ့ဘူး...သူတို့နှစ်ယောက်ကြား ခြားနားမှုက ကောင်းကင်နဲ့ မြေကြီးလိုပဲ"

      ..........

      ကြယ်စင်မြင့်ပေါ်သို့ တစ်ယောက်တည်းလာသော အဖြူရောင်အဝတ်အစားနှင့် လူငယ်သည် လူအုပ်ကြီး၏ ဆွေးနွေးမှုများကို ကြားလိုက်ရသည်။

     သူ၏ မျက်နှာပုပ်သိုးသွားသည်။

     “ရှောင်ယွီ"
    သူ၏ အကြည့်သည် အတွင်းပိုင်း အဖီထဲမှ ‌လူငယ်ပေါ်သို့ ကျရောက်သွားသည်။
    သို့သော်လည်း အံ့ဩစွာပင် သူထွက်ပေါ်လာကတည်းကစ၍ ရှောင်ယွီသည် သူ့ကို တစ်ချက်ပင်ကြည့်ရှုခြင်းမရှိပေ။

      လီချင်း၏ မျက်လုံးများ အနည်းငယ်အေးစက်သွားသည်။

     သူသည် ယခုနှစ်စုရုံးပွဲကို မလာခင်ကတည်းက ရှောင်ယွီကို ပစ်မှတ်ထားခ့သည်။ ရှောင်ယွီအား အနိုင်ယူကာ လျှို့ဝှက်နဂါးစာရင်းထိပ်ဆုံးတွင် ရပ်တည်မည်ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now