၅၉၆ - ၆၀၀

187 14 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၉၆)လီရို၏ ဆန္ဒ

အစကတည်းက ဖြူရော်နေသော မန်ဟော်နှင့် ကျောက်မင်တို့၏ မျက်နှာများမှာ ယခုအချိန်၌ စက္ကူရွက်ပမာ ဖြူစုတ်နေပြီး သူတို့၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါလာသည်။

"စီနီယာ...သက်ညှာပေးပါ...စောနတုန်းက ကျုပ်တို့ကို ကျုံလင် သွေးဆောင်ခဲ့လို့ပါ...မဟုတ်ရင် ကျုပ်တို့ စီနီယာစကားအတိုင်း နီလာကောင်းကင်နိုင်ငံရဲ့ အဝေးကိုရောက်နေတာကြာပါပြီ"
မန်ဟော် အလျင်အမြန် အသနားခံပြီးနောက် ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သို့သော်လည်း သူ မည်မျှရှာသည်ဖြစ်စေ သူလျှို့ဝှက်ဆန်းကြယ်သောကျွမ်းကျင်သူကို တစိုးတစိမျှ မတွေ့ပေ။
ထိုကျွမ်းကျင်သူသည် ပတ်၀န်းကျင်၌ လုံး၀မရှိသလိုပင် ဖြစ်သည်။

"ဟုတ်ပါတယ်...စီနီယာ စီနီယာ ကျုပ်တို့ အသက်ကိုချမ်းသာပေးမယ်ဆိုရင် ကျုပ်တို့ ချက်ချင်းထွက်သွားမှာပါ...ကျုပ်တို့ အခုချက်ချင်းပဲထွက်သွားမှာပါ"
ကျောက်မင်လည်း လုံး၀ကိုကြောက်ရွံ့နေသည်။

ကျုံလင်သည် သူနှင့်တူညီစွာပင် မိုးပြာတောအုပ်တြိဂိုဏ်း၏ အစောင့်အကြီးအကဲတစ်‌ယောက်ဖြစ်သောကြောင့် ကျုံလင်၏ စွမ်းအားမှာ သူ့ထက် မနိမ့်ကျပေ။
သို့‌သော်လည်း ထိုကဲ့သို့တည်ရှ်ိမှုသည် မျက်တောင်တစ်ခတ်အတွင်းပျောက်ကွယ်သွားခဲ့ရသည်။
ကျောက်မင် အလွန်တရာကြောက်ရွံ့နေသည်။

"တကယ်လို့ မင်းတို့နှစ်ယောက် နောက်တစ်ခါ နီလာကောင်းကင်နိုင်ငံကို ခြေတစ်လှမ်းချရဲမယ်ဆိုရင် ငါမင်းတို့နှစ်‌ယောက်လုံးကို သတ်ပစ်မယ်"
လွှမ်းမိုးနိုင်စွမ်းကြီးသည့် အေးစက်အက်ကွဲသော အသံထွက်ပေါ်လာသည်။
"သွားကြစမ်း"

သွားကြစမ်း.....
သူတို့ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူ၏ အေးစက်စက်စကားကိုကြားချိန်၌ မန်ဟော်နှင့် ကျောက်မင်တို့ စိတ်သက်သာရာရသွားကာ မြောက်ဘက်သို့ အလျင်အမြန်ပျံသန်းသွားပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာ နီလာကောင်းကင်နိုင်ငံ၏ နယ်နိမိတ်မှ ထွက်ခွာကာ မိုးပြာတောအုပ်အင်ပါယာနိုင်ငံသို့ ရောက်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now