၄၉၆ - ၅၀၀

165 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၉၆)ကျေးဇူးသိသူ

     “ဂျူနီယာညီငယ်သွမ့်လင်းထျန်…မင်း…"
   ကျန့်စုန် ခါးသက်စွာ ပြုံးလိုက်သည်။
     သွမ့်လင်းထျန်သည် ရုတ်တရက်ကြီး အခြေတည်နက်နဲဆေးလုံးကို သူ့ပါးစပ်ထဲပစ်ထည့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

       သိုင်းပြိုင်ပွဲခြံ၀င်း သုသာန်မြေပမာတိတ်ဆိတ်နေသည်။

       သွမ့်လင်းထျန်၏ လုပ်ရပ်သည် လူတိုင်းကို ကြက်သေသေသွားစေသည်

     “သွမ့်လင်းထျန်က အခြေတည်နက်နဲဆေးလုံးကို တကယ်လက်ဆောင်ပေးလိုက်တာလား…"

     “ဒီကြယ်ဓားခုနှစ်လက်ဂိုဏ်းရဲ့တပည့်က တကယ်ကိုကောင်းတာပဲ"

      “သွမ့်လင်းထျန်သာ အခြေတည်နက်နဲဆေးလုံးကို ငါ့ပါးစပ်ထဲပစ်ထည့်လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ"

     “အိပ်မက်မက်မနေနဲ့…ဒီကြယ်ဓားခုနှစ်လက်ဂိုဏ်းရဲ့ တပည့်က သွမ့်လင်းထျန်နဲ့ ဆက်ဆံရေးကောင်းရှိလိမ့်မယ်…မဟုတ်ရင်  သွမ့်လင်းထျန်က အခြေတည်နက်နဲဆေးလုံးကို လက်ဆောင်ပေးမှာမဟုတ်ဘူး"
  
     ………

     မနာလိုအားကျသော အကြည့်များစွာသည် ကျန့်စုန်ပေါ်သို့ တစ်ပြိုင်နက်ကျရောက်လာရာ ကျန့်စုန်ခါးသက်စွာဖြင့် ပြုံးလိုက်သည်။

     ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်သုံးယောက် မျက်မှောင်ကြုတ်နေကြပြီး တစ်ချိန်တည်းမှာပင် သွမ့်လင်းထျန်ကို အသံပို့လွှတ်လိုက်သည်။
      “သွမ့်လင်းထျန် မင်းက မဆင်မခြင်လုပ်လွန်းတယ်…ဒီအခြေတည်နက်နဲဆေးလုံးက မင်းကို အချိန်တိုအတွင်း အခြေတည်ဝိညာဉ်အဆင့်ငါးကို ရောက်အောင်ကူညီပေးနိုင်တယ်…မင်းအဲဒါကို ဘယ်လိုလုပ်လက်ဆောင်ပေးလိုက်ရတာလဲ"
     ၄သည် လင်းဟူကျင်းဟုန်၏ အသံဖြစ်ကြောင်းကို သွမ့်လင်းထျန်သိသည်။

      “သွမ့်လင်းထျန်…ငါမင်းကို ဘာပြောသင့်လဲ…ဒီကလေးရဲ့ ပင်ကိုပါရမီက သိပ်မထူးချွန်ဘူး…တကယ်လို့ အခြေတည်နက်နဲဆေးလုံးကို သုံးရင်တောင် သူ့တိုးတက်မှုက မင်းလောက်ကြီးမားမှာမဟုတ်ဘူး…ဒါဖြုန်းတီးတာပဲ"
    ကျန့်စုန်၏ အဖေလည်းဖြစ်သော မိုက်ဇာတောင်သခင်ကျန့်ဖန် ပြောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now