၂၆၆ - ၂၇၀

186 19 3
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၆၆) ကျောက်တုံးမျောက်မျက်နှာသာ ပြန်ပေးခြင်း

       သွမ့်လင်းထျန် သက်ပြင်းရှည်ကြီးဆွဲချလိုက်သည်။

    ကျောက်တုံးမျောက်များ၏ အကြည့်များအောက်တွင်ပင် သွမ့်လင်းထျန် ဆေးလုံးစတင်ဖော်စပ်လိုက်သည်။

      “တကယ်လို့ ဒီနေ့ညကိစ္စသာ ပျံ့နှံ့သွားရင် ငါက မှော်ဆေးပညာရှင်တွေ ကြားထဲမှာ လုံး၀ သမိုင်းတစ်ခုကို ဖန်တီးနိုင်လိုက်တာပဲ…ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်‌လေး ဒါမှမဟုတ် အဲဒီထက်မြင့်တဲ့ မျောက်မင်းရယ်၊ ဟင်းလင်းပြင်ခြေလှမ်း၀က်အဆင့်မျောက်မင်းရယ် တခြားကျောက်တုံးမျောက်တွေရယ်က ငါဆေးဖော်တာကို ကြည့်နေတယ်…ငါက လွဲလို့ ဘယ်သူက ဒီလိုလုပ်ရဲမှာလဲ"
    ထိုအချိန်၌ သွမ့်လင်းထျန်၏ နှလုံးသားထဲတွင် ကျေနပ်မှုတစ်စွန်းတစ်စ ပေါ်ပေါက်လာသည်။
   သူသည် အသက်ရှင်သန်ရန်အတွက် ကျောက်တုံးမျောက်များစွာ၏ရှေ့၌ ဆေးလုံးဖော်စပ်နေရကြောင်းကို လုံးဝမေ့သွားသကဲ့သို့ပင်ဖြစ်သည်။

    “ကံကောင်းတာက တိမ်နက်စပါးအုံးက သားရဲတစ်ကောင်ဖြစ်နေတာပဲ…ဒါကြောင့်မလို့ သူ့ရဲ့ အဆိပ်က သိပ်မများဘူး…အဆင့်ကိုးဝိညာဉ်စင်ကြယ်ခြင်းဆေးလုံးက အဆိပ်ကို အမြစ်ကနေ ဖယ်ရှားဖို့ လုံလောက်တယ်"
   သွမ့်လင်းထျန် သူ၏ စိတ်ထဲတွင် တွေးတောလိုက်ပြီး သူ၏ ကွက်လပ်လက်စွပ်ထဲမှ ဆေးပစ္စည်းများကို ထုတ်ယူလိုက်သည်။

     သွမ့်လင်းထျန် နတ်အရှင်မှူးမတ်အိမ်တော်မှ စီနီယာမှူးမတ်အတွက် အဆင့်ကိုးဝိညာဉ်စင်ကြယ်ခြင်းဆေးလုံး ဖော်စပ်ပေးချိန်က ‌‌ဆေးပစ္စည်းတချို့ ကျန်နေသေးသည်။ ၎င်းတို့ကို ဤနေရာ၌ သုံးရလိမ့်မည်ဟု သူလုံး၀မထင်ထားခဲ့ပေ။

      “ကြည့်ရတာ ငါအနာဂတ်ကျရင် ဝိညာဉ်စင်ကြယ်ခြင်း ဆေးလုံးဖော်ဖို့အတွက် ဆေးပစ္စည်းတချို့ ပြင်ဆင်ထားရမဲ့ပုံပဲ…ဒါက အရေးကြီးတဲ့အချိန်မှာ ငါ့ရဲ့အသက်ကို ကယ်နိုင်တယ်…"
     အကယ်၍ ယနေ့၌ သူ့ထံတွင် အဆင့်ကိုးဝိညာဉ်စင်ကြယ်ခြင်းဆေးလုံးအတွက် ဆေးပစ္စည်းများ မရှိပါက သူသည်လည်း တိမ်နက်စပါးအုံးကဲ့သို့ အဆုံးသတ်သွားမည်ဖြစ်ကြောင်းကို သွမ့်လင်းထျန် မှန်းဆနိုင်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now