၈၃၁ - ၈၃၅

162 14 0
                                    


အပိုင်း(၈၃၁)တစ်သက်တာရန်သူ

    သူ့စကားသည် လူများစွာကို အပေါ်ကြည့်သွားစေသည်။
    အကြည့်တစ်ချက်နှင့်ပင် အားလုံး မှင်တက်သွားသည်။

   “သူက မကြာသေးခင်က နာမည်ကြီးနေတဲ့ အရှင်ဝူတောက်ရဲ့သမီးလား...အရမ်းလှလိုက်တာ...သူက နတ်သက်ကြွေလာတဲ့ နတ်သမီးလေးကျနေတာပဲ"
   
  “အသွင်အပြင်အရ အရှင်ဝူတောက်ရဲ့သမီးက ဟိုမိန်းကလေးထက် မနိမ့်ဘူး...ဒါပေမဲ့ သူက ဟိုမိန်းကလေးထက် ပိုပိးကျက်သရေရှိတယ်"

     “ဒါပါ့...သူက အရှင်ဝူတောက်ရဲ့ သမီးပဲကို"

    .............

    ချက်ချင်းပင် လှောင်အိမ်တိုက်ပွဲက လူအများစု၏ အာရုံသည် ဖုန်ထျန်းဝူအပေါ်ရောက်သွားသည်။
    သွမ့်လင်းထျန်လည်း ထိုစကားများကို ကြားပြီး ၎င်းကို အပြည့်အ၀ထောက်ခံသည်။
   ဖုန်ထျန်းဝူနှင့် ကျီယန်သည် ဇာစ်မြစ်မတူသောကြောင့် လုံး၀အဆင့်တူမဟုတ်ချေ။ ထို့ကြောင့် ဖုန်ထျန်းဝူက ပိုတောက်ပကာ ပိုလှသလိုရှိသည်။

   “ဟင်"
   အဝေးက လေထဲတွင် အစက ဇီသာသခင်လေးသည် သူ့ဆရာသခင်၏ နောက်က တိတ်ဆိတ်စွာ လိုက်လာသော်လည်း ရုတ်တရက် တစ်စုံတစ်ယောက် သူ့ကို သေချာကြည့်နေသလို ခံစားလိုက်ရသည်။
   အချိန်တိုအတွင်းမှာပင် သူ ပြန်ကြည့်လိုက်ရာ အံ့ဩသွားသည်။

   “ဆေဘာသခင်လေး"
   တစ်ချိန်က မိုးပြာတောအုပ်အင်ပါယာနိုင်ငံ၏ သခင်လေးငါးယောက်ထဲတွင် ပါဖူးသူအနေဖြင့် သဘာ၀ကျကျပင် သူ ဆေဘာသခင်လေးကို သိသည်။

    သို့သော်လည်း သူ အံ့ဩသည်မှာ လုံယွင်သည် ဒုတိယတန်းစားပွဲကြည့်နေရာတွင် ပေါ်လာခြင်းကြောင့်ဖြစ်သည်။
    “ဒီလုံယွင်ကလည်း ဒက်ခံမင်းဆက်ရဲ့ သိုင်းပြိုင်ပွဲမှာပါတာလား"

    ထိုအချိန်၌ ကျီရှန့် အနည်းငယ် တုန်လှုပ်သွားသည်။
    သူ၏ အမြင်အရ သူ ယနေ့ ဤနေရာကို လာပြီး ဒက်ခံမင်းဆက်၏ သိုင်းပြိုင်ပွဲတွင် ပါနိုင်ခြင်းမှာ သူ့ဆရာသခင်နှင့် သူ ကြုံဆုံခဲ့သော ကံကောင်းမှုတချို့ကြောင့်ဖြစ်သည်။
   စင်စစ်မူ အားလုံး၏ အခြေခံသည် သူ့ဆရာသခင်၏ ပံ့ပိုးကူညီမှုကြောင့်ဖြစ်သည်။
    အကယ်၍ သူ့ဆရာသခင်မရှိပါက သူ့အတွက် ဒက်ခံမင်းဆက်ကိုရောက်ပြီး သာလွန်သောကျင့်ကြံမှုပတ်၀န်းကျင်ကိုရဖို့ မဖြစ်နိုင်ချေ။
   အကယ်၍ ဒက်ခံမင်းဆက်ကိုမရောက်လာပါက သူ ထိုကံကောင်းမှုကြီးနှင့် ကြုံလိမ့်မည်မဟုတ်ချေ။  
    ထိုအဖြစ်အပျက်များကြောင့် လက်ရှိသူ ဖြစ်လာခြင်းဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now