၇၅၆ - ၇၆၀

173 16 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၅၆) ရွေးချယ်မှု

      “ဒီအနှစ်သာရမှတ်ဉာဏ်အပိုင်းအစဆယ်ခုထဲမှာ လေအနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခု မီးအနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခု၊ မိုးကြိုးအနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခု၊ ရေအနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခုနဲ့ မြေအနှစ်သာရမှတ်ဉာဏ်အပိုင်းအစနှစ်ခုပါတယ်"
      သွမ့်လင်းထျန်သည် အသံပို့လွှတ်ခြင်းကျောက်စိမ်းစလစ်မှတစ်ဆင့် လှေကားဆယ်ခုရှေ့တွင်ရှိသော ကျောက်တုံးစင်ပေါ်က သေတ္တာလေးများထဲတွင် ပါသောအရာကို သိလိုက်သည်။
      နောက်ပိုင်း၌ အသံပို့လွှတ်ခြင်းကျောက်စိမ်းစလစ်ထဲမှ အသံထပ်မံ‌ထွက်ပေါ်လာသည်။

      “ဘယ်ဘက်ကနေ ညာဘက်ထိ အနှစ်သာရမှတ်ဉာဏ်အပိုင်းအစဆယ်ခုက လေအနှစ်သာရမှတ်ဉာဏ်အပိုင်းအစတွေ မီးအနှစ်သာရမှတ်ဉာဏ်အပိုင်းအစတွေ မိုးကြိုးအနှစ်သာရမှတ်ဉာဏ်အပိုင်းအစတွေ…"
     ကျောက်စိမ်းစလစ်ထဲမှ စကားလုံးများသည် အနှစ်သာရမှတ်ဉာဏ်အပိုင်းအစများကို ခွဲပြလိုက်သည်။

     “အနှစ်သာရမှတ်ဉာဏ်အပိုင်းအစဆယ်ခုထဲမှာ အဆင့်အနိမ့်ဆုံးက ပထမအဆင့်တိုးမြှင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစဖြစ်ပြီး ‌အကောင်းဆုံးကတော့ ဆဌမအဆင့်တိုးမြှင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစပဲ…မင်းရတဲ့အနှစ်သာရမှတ်ဉာဏ်အပိုင်းအစအဆင့်က မင်းရဲ့ ကံအပေါ်မူတည်တယ်"
      အသံပို့လွှတ်ခြင်းကျောက်စိမ်းစလစ်ထဲမှ အသံသည် အနှစ်သာရမှတ်ဉာဏ်အပိုင်းအစဆယ်ခု၏ အဆင့်များကို အကြမ်းဖျင်းရှင်းပြလိုက်သည်။
     အဆင့်အမြင့်ဆုံးမှာ ဆဌမအဆင့်တိုးမြှင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစဖြစ်သည်။
      ဆဌမအဆင့်တိုးမြှင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစဆိုသည်မှာ အဘယ်ကဲ့သို့အရာနည်း…

      တခြားအရာများကိုမဆိုထားနှင့်ဦး…ပထမအဆင့်တွင် သွမ့်လင်းထျန်ရခဲ့သည့် ဓားအနှစ်သာရမှတ်ဉာဏ်အပိုင်းအစသည် တတိယအဆင့်တိုးမြှင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစဖြစ်ပြီး ထိုအထဲတွင် ရှေးဦးချိုနဂါးလေးရာ၏ ခွန်အားပါ၀င်သည်။
     နှိုင်းယှဉ်ရပါက ဆဌမအဆင့်တိုးမြှင့်အနှစ်သာရမှတ်ဉာဏ်အပိုင်းအစသည် ပို၍ကြောက်ဖို့ကောင်းပြီး ထိုအထဲတွင် ရှေးဦးချိုနဂါးခုနှစ်ရာ၏ စွမ်းအားပါ၀င်သည်။
       ၎င်းသည် ဓားအနှစ်သာရမှတ်ဉာဏ်အပိုင်းအစထက် အများကြီးပိုကောင်းသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now