၆၇၁ - ၆၇၅

161 13 1
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၇၁)ပြန်လည်မွေးဖွားခြင်းဆေးလုံး၏ ဆေးစွမ်းအား

      ခန်းမ၏ အပြင်ဘက်မှ တိုက်ခတ်နေသော လေအေးများနှင့် နှိုင်းယှဉ်ပါက ကျယ်ပြောသော ခန်းမထဲ၌ နွေးထွေးသော လေများရှိနေပြီး လုံး၀မတူညီသောအခြေအနေဖြစ်သည်။
      လက်ရှိ၌ ရွှယ်လွှေ့နှင့် ကျန်းရှန့် ကျယ်ပြောသော ခြံ၀င်းထဲ၌ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ကာ ထိုင်နေသည်။

      “မင်းသားရှန့်…ကျုပ်ကိုလာတွေ့တာ ကိစ္စတစ်ခုခုရှိလို့လား"
    ရွှယ်လွှေ့  လိုရင်းကို သွားလိုက်သည်။

     “အင်း"
   ကျန်းရှန့် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးထဲ ဒေါသမီးလျှံများ သိပ်သည်းလာကာ ခက်ထန်သော အသံဖြင့် ပြောလိုက်သည်။
      “ဂိုဏ်းချုပ်ရွှယ် ကျုပ်ပွင့်ပွင့်လင်းလင်းပဲပြောမယ်ဗျာ…ကျုပ်ဒီကိုလာတာ ကျုပ် မိုးပြာတောအုပ်တြိဂိုဏ်းနဲ့ ပူးပေါင်းချင်လို့ပဲ"

     ရွှယ်လွှေ့ အံ့အားသင့်သွားပြီးနောက် ခေါင်းယမ်းကာ ပြုံးလိုက်သည်။
      “မင်းသားရှန့်…ကျုပ်သိတဲ့အတိုင်းဆို ခင်ဗျားတို့ အင်ပါယာမိသားစုနဲ့  မိုးပြာတောအုပ်တြိဂိုဏ်းက အဆက်အဆံမရှိဖူးဘူးနော်…ဘာလို့ ပူးပေါင်းမဲ့အကြောင်းပြောနေတာလဲ"

     “ဂိုဏ်းချုပ်ရွှယ်…ကျုပ် ခင်ဗျားတို့  မိုးပြာတောအုပ်တြိဂိုဏ်းနဲ့ ပူးပေါင်းချင်တာက ကျုပ်တို့ နှစ်ဖွဲ့ပေါင်းပြီး သွမ့်လင်းထျန်ကို သတ်ချင်လို့ပဲ"
     ကျန်းရှန့် တစ်လုံးချင်း ပြောလိုက်သည်။

      သွမ့်လင်းထျန်…
    ကျန်းရှန့်၏ စကားလုံးများသည် ရွှယ်လွှေ့၏ မျက်လုံးများကို အလွန်မှေးစင်းသွားစေသည်။

     “မင်းသားရှန့်…ကျုပ်သိတဲ့အတိုင်းဆို သွမ့်လင်းထျန်က ဖီးနစ်နဂါးကျောင်းရဲ့ ကျောင်းသားတစ်ယောက်ပဲ…ခင်ဗျားတို့ အင်ပါယာမိသားစုက သူ့ကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးထားတယ်မလား"

      “ဟုတ်တယ်"
    ကျန်းရှန့်ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်လုံးထဲ သတ်ဖြတ်ချင်စိတ်တစ်စွန်းတစ်စ ယှက်ပြေးသွားသည်။
       “အစ်ကိုတော် သူ့ကိုကာကွယ်ပေးထားလို့ ကျုပ် ခင်ဗျားတို့  မိုးပြာတောအုပ်တြိဂိုဏ်းနဲ့ ပူးပေါင်းပြီး သူ့ကိုသတ်ချင်တာပဲ"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now