၄၂၁ - ၄၂၅

178 15 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၂၁)ကြိုတင်မမြင်နိုင်သော

      သမ့်လင်းထျန် မင်းက အရမ်းမဆင်မခြင် လုပ်လွန်းတာပဲ။ ဒီဟူရွှယ်ဖန်းရဲ့နောက်ခံက မရိုးရှင်းဘူး။ မင်း ဂရုစိုက်ရလိမ့်မယ်"
      ဟူဒုံ မူလစွမ်းအင်ကို အသံအဖြစ်သိပ်သည်းကာ သွမ့်လင်းထျန်၏ နားထဲ ပို့လိုက်သည်။

      သွမ့်လင်းထျန် ဂရုမစိုက်စွာဖြင့် ပခုံးတွန့်ကာ ပြုံးပြလိုက်သည်။ ထို့နောက် သူ၏အကြည့်သည် လှောင်အိမ်ထဲသို့ လျှောက်လှမ်းသွားသည့် ကျွယ့်ချင်းပေါ်သို့ ကျရောက်သွားသည်။

       ဝှစ် …

      ရုတ်တရက် ကျွယ့်ချင်းသည် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည့်ပမာ လှုပ်ရှားသွားသည်။

      “ဝူး"
     ကျွယ်ချင်း၏ လုပ်ရပ်အားမြင်သည့်အခါ ခရမ်းရောင်မျောက်ဝံ ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ သားရဲတစ်ကောင်အနေဖြင့် သူသည် အမျိုးသမီးများအား မည်ကဲ့သို့ နူးညံ့စွာဆက်ဆံရမည်ကို မသိပေ။ ခရမ်းရောင်မျောက်ဝံ ကျွယ်ချင်းကို ခုန်အုပ်လိုက်သည်။

       ကျွယ်ချင်း၏ ခန္ဓာကိုယ် လက်ခနဲ လှုပ်ရှားသွားသည်။
     ကျွယ်ချင်း ခရမ်းမျောက်ဝံ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းမည်ဟု လူတိုင်း ထင်ချိန်၌ သူမ၏ ခန္ဓာကိုယ်အောက်သို့ ၀ပ်ဆင်းသွားပြီးနောက် မျောက်ဝံ၏ ပုခုံးပေါ် ခုန်တက်လိုက်သည်။

     အသက်တစ်ရှိုက်ကုန်လွန်သွားပြီဖြစ်သည်။

     “ဘုရားရေ…ကျွယ်ချင်းက မျောက်ဝံပေါ် ခုန်တက်လိုက်တာလား"

     “ကျွယ်ချင်းက ခရမ်းရောင်မျောက်ဝံကို ဒေါသထွက်အောင် လုပ်နေတာလား"

      “………"

      အပြင်စည်းတပည့်အများစုသည် ကျွယ်ချင်းအပေါ် မျှော်လင့်ထားခြင်းမရှိပေ။

      “သွမ့်လင်းထျန် ကျွယ်ချင်း ဘာလုပ်နေတာလဲ"
     ကျွယ်ချင်း၏ နူးညံ့သွယ်လျသော ခန္ဓာကိုယ်သည် ခရမ်းရောင်မျောက်ဝံ၏ ကျယ်ပြောသော ပခုံးပေါ်သို့ သက်ဆင်းလိုက်သည်ကို မြင်သည့်အခါ ဟူဒုံ မျက်မှောင်ကြုတ်သွားပြီး ဇဝေဇဝါမျက်နှာထားဖြင့် ဖြစ်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now