၈၈၁ - ၈၈၅

165 14 0
                                    


အပိုင်း(၈၈၁)မိုးပြာတောအုပ်အင်ပါယာနိုင်ငံကို ပြန်ခြင်း

    အင်ပါယာမိသားစုသည် သွမ့်လင်းထျန်ဆီက မပြည့်စုံသောနတ်ဆိုးကျောက်ပြားကို ရယူပြီးနောက် သူ့အလိမ်ပေါ်သွားမည်ကို ကျီရှန့် စိတ်မပူပေ။
     စင်စစ်မူ သူသည် ဖုံးကွယ်ထားသည့်အရာတချို့ရှိသည့်တိုင် သူ မလိမ်ခဲ့ပေ။

       “အရှင်မင်းမြတ်…ဆရာသခင် ဒါက ကျုပ် ဆရာသခင်တို့နှစ်ယောက်ကို ပြောချင်တဲ့ဟာပါ…တကယ်လို့ အင်ပါယာမိသားစုကသာ ဒီသူတော်စင်လက်နက်ကို ရနိုင်မယ်ဆို ကျုပ်တို့အင်ပါယာမိသားစုအတွက် အကျိုးအများကြီးရှိလိမ့်မယ်"
     သူ၏ စကားဆုံးချိန်၌ ကျီရှန့်အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

    “ကျီရှန့် မင်းက အများကြီးပြောခဲ့တာပဲ …ဒါပေမဲ့ မင်းက သွမ့်လင်းထျန်ကို ကိုင်တွယ်ဖို့ အင်ပါယာမိသားစုကို အသုံးချချင်တာတော့မဟုတ်ဘူးမလား"
    ရုတ်တရက်ဧကရာဇ်သည် တည်ငြိမ်သွားပြီး သူ၏ အမျှော်အမြင်ရှိသောမျက်လုံးများနှင့် ကျီရှန့်ကိုစိုက်ကြည့်ကာ ဖြည်းလေးစွာပြောလိုက်သည်။

    “ကျီရှန့် မလုပ်ရဲပါဘူး"
     ကျီရှန့်သည် ကသုတ်ကရုတ် ခေါင်းယမ်းပြီးနောက် ထပ်ပေါင်းထည့်ကာပြောလိုက်သည်။
     “တကယ်လို့ အရှင်မင်းမြတ်က အစောက ကျုပ်ပြောတာကိုမယုံရင် ကျုပ်ကိုးကိုးကောင်းကင်ကပ်ဘေးကိုတိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်…"

        ထိုစကားပြောချိန်၌ ဧကရာဇ်နှင့် သူ့ဆရာသခင် အံ့အားသင့်ရာမှ သတိပြန်မ၀င်လာသေးခင်မှာပင် သူသည် သူ၏ လက်ချောင်းကိုကိုက်လိုက်ပြီးနောက် သွေးစက်ချကာ ရှင်းလင်းသော အသံဖြင့်ကျိန်ဆိုလိုက်သည်။
      “ငါကျီရှန့်က ကိုးကိုးကောင်းကင်ကပ်ဘေးအောက်မှာကျိန်ဆိုပါတယ်…တကယ်လို့  သွမ့်လင်းထျန်ဆီက ကျောက်ပြားကျိုးက သူတော်စင်လက်နက် မဟုတ်ရင် စွမ်းအားတစ်ရာရာခိုင်နှုန်း မတိုးမြှင့်ပေးနိုင်ဘူးဆိုရင် ငါကျီရှန့် ကိုးကိုးကောင်းကင်ကပ်ဘေးသင့်ပါစေ"
       နောက်ပိုင်း၌ အင်မော်တယ်နန်းတော်၏ အထက်တွင် မိုးခြိမ်းသံကိုးသံ ပဲ့တင်ထပ်သွားပြီး အင်ပါယာနန်းတော်ထဲကလူတိုင်းကို အံ့အားသင့်သွားစေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now