၅၉၁ - ၅၉၅

151 14 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၉၁)ကိုယ့်ဘာကိုယ်ဖန်တီးခဲ့တာ

       တစ်ချိန်တည်းမှာပင် အင်ပါယာနန်းတော်၌…

      ဝှစ်…

      အဖိုးတန်သော နန်းဆောင်ထဲမှ လှပသော ပုံရိပ်တစ်ခု ပြေးထွက်လာသည်။

      “မင်းသမီး…ကျွန်မကို စောင့်ပါဦး"
      ပုံရိပ်၏ နောက်မှ အစေခံတစ်ယောက် အပြေးအလွှား လိုက်လာသည်။

      “ရှင် ဘာမှမဖြစ်ရဘူး…ရှင် ဘာမှမဖြစ်ရဘူး"
     ရှေ့မှ ပြေးနေသည့် သူမှာ နီလာကောင်းကင်နိုင်ငံ အင်ပါယာမိသားစု၏ မင်းသမီးပိယောင်ဖြစ်သည်။

        ထိုအချိန်၌ မင်းသမီးပိယောင်၏ မျက်နှာ ဖြူရော်နေပြီး ဆောင်းဦးရေကဲ့သို့ မျက်လုံးများထဲ၌ စိုးရိမ်ပူပန်မှုများ ရောပြွမ်း‌နေသည်။ ယခုအချိန်၌ သူမ အ‌တောင်များပေါက်လာကာ ထိုလူရှိသည့် အိမ်သို့ ပျံသန်းချင်သွားရုံမှတစ်ပါး တခြားဘာကိုမျှ မလိုချင်ပေ။

        လက်ရှိ၌ နီလာကောင်းကင်နိုင်ငံ အင်ပါယာမြို့၏ အထက်ကောင်းကင်တွင်......

     ပုံရိပ်သုံးခုသည် နတ်ဘုရားသုံးပါးပမာ ရပ်နေလျက်ရှိသည်။

     ဝှစ်…

       ရုတ်တရက် ကောင်းကင်ထက်၌ လှပကျော့ရှင်းသော ပုံရိပ်တစ်ခု တိမ်စိုင်များနှင့် မြူများဆီ ပျံသန်းလယပြီး အဝေးမှ မိုးပြာရောင်အ၀တ်အစားနှင့် အဘိုးအိုကိုကြည့်လိုက်သည်။

      “အကြီးအကဲမင်…"
     ထိုလှပသော အမျိုးသမီး၏ အသံထဲ၌ အေးစက်မှုတစ်စွန်းတစ်စပါ၀င် နေသည်။
      “အကြီးအကဲနဲ့ သွမ့်လင်းထျန် ကြားမှာ နားလည်မှုလွဲတာများရှိလား"

      လှပသော အမျိုးသမီးမှာ ယခင်ကြယ်ဓားခုနှစ်လက်ဂိုဏ်း အဲကိတ်တောင်၏ တောင်သခင် ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ငါးချင်ရှန်ဖြစ်သည်။
        အတိတ်က ကြယ်ဓားခုနှစ်လက်ဂိုဏ်းတွင် စွမ်းအားအရ သူမသည် ဂိုဏ်းချုပ်လင်းဟူကျင်းဟုန် အကြီးအကဲဖန်းနှင့် အစောင့်အကြီးအကဲနှစ်ယောက်ထက်သာ နိမ့်ကျသည်။
     အစောပိုင်းက  အကြီးအကဲမင် သွမ့်လင်းထျန်၏ နာမည်ကိုခေါ်ချိန်၌ အကြီးအကဲမင်သည် သွမ့်လင်းထျန်ကို မိုးပြာတောအုပ်တြိဂိုဏ်း၏ အဖွဲ့၀င်များ ရှာမတွေ့ရန်အတွက် သွမ့်လင်းထျန်ကို ကာကွယ်လိုသည်ဟု သူမ ထင်ခဲ့သည်။
      အဆုံး၌ သွမ့်လင်းထျန်သည် ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ မျှော်လင့်ချက်ဖြစ်သည်။
       ကြယ်ဓားခုနှစ်လက်ဂိုဏ်း ပြန်လည်တည်ဆောက်ဖို့အတွက် သွမ့်လင်းထျန် မပါဘဲ မဖြစ်နိုင်ပေ။
     သို့သော်လည်း သူမ ကောင်းကင်သို့ ပျံသန်းသန်းသွားခြင်းမှာပင် အကြီးအကဲမင်၏ နောက်ထပ် စကားကို ကြားလိုက်ရသည်။
      ထိုအချိန်၌ သူမ၏ မျက်နှာထက်မှ ပျော်ရွှင်မှုမှာ လုံး၀ပျောက်ကွယ်သွားသည်။
     အကြီးအကဲမင် ဤနေရာသို့ လာခြင်းမှာ သွမ့်လင်းထျန်ကို ကာကွယ်ဖို့မဟုတ်ဘဲ သွမ့်လင်းထျန်ကို အန္တရာယ်ပေးလိုသောကြောင့် ဖြစ်သည်။
       သူမ ၎င်းကို စဉ်းစားမရသဖြင့် နားလည်မှုလွဲသည်ဟုသာ ယူဆလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now