၆၁၆ - ၆၂၀

154 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၁၆)အခြားလောက

      “ကျွိ…ကျွိ…"
      သို့သော်လည်း ရွှေကြွက်လေးမှာ အနည်းငယ်မကျေမနပ်ဖြစ်နေပြီး အသံပို့လွှတ်ကာ ပြောလိုက်သည်။
      “အစ်ကိုလင်းထျန်…တကယ်လို့ အစ်ကို အပြင်ထွက်လို့ မရဘူးဆိုရင် ကျွန်မတို့  အသားစားလို့မရတော့ဘူးလို့ ဆိုလိုတာလား"

     “ကောင်မလေး…မင်းက စားဖို့ပဲသိတယ်…စိတ်ပူမနေနဲ့…ငါတို့ တစ်လတစ်ခါအပြင်ထွက်တာနဲ့ ငါမင်းကို ဗိုက်ကားအောင် ကျွေးမယ်"
     သွမ့်လင်းထျန် အနည်းငယ် ကသိကအောက်ဖြင့် ပြောလိုက်သည်။

       သက်လတ်ပိုင်းလူသည် ရွှေကြွက်လေး၏ အော်သံကိုကြားသောအခါ တဖန်အံ့အားသင့်စွာဖြင့်သာ ကြည့်လိုက်ပြီးနောက် ရှေ့သို့ ပြန်လှည့်၍ ဆက်သွားလိုက်သည်။

      သို့သော်လည်း ရွှေကြွက်လေးကို ကြည့်နေသည့် ကျိဖုန်နှင့် စစ်မာယန်တို့၏ အကြည့်ထဲ၌ ကြောက်ရွံ့မှု အနည်းငယ် ယှက်သန်းနေသည်။ ရွှေကြွက်‌လေးသည် သူတို့ရှေ့၌ သူမ၏ စွမ်းအားကို ထုတ်မပြခဲ့သည့်တိုင် သူမ ခပ်စူးစူးအော်ရုံဖြင့် သူတို့၏ ကျွန်သားရဲများကို ထိတ်လန့်အောင် လုပ်နိုင်ခဲ့သည်။
     ၎င်းမှာ သာမန်အိမ်မွေးကြွက်တစ်ကောင် မဟုတ်ကြောင်း သူတို့ အသေအချာသိသည်။ ၎င်းသည် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်နိုင်သည်။

       လမ်းတစ်လျှောက်၌ ဤဖီးနစ်နဂါးကျောင်းထဲတွင် လုံး၀ဗလာဖြစ်နေသကဲ့သို့ မည်သည့်အဆောက်အဦးတစ်ခုကိုမျှ  မတွေ့ခဲ့ကြောင်းကို  သွမ့်လင်းထျန် သတိထားမိခဲ့သည်။
       မကြာမီ၌ သွမ့်လင်းထျန်သည် သက်လတ်ပိုင်းလူ၏ ဦးဆောင်မှုအောက်၌ မြေပြင်တွင် တွင်းပေါက်များ ပြည့်နေသည့် နေရာတစ်ခုသို့ရောက်လာသည်။ ဤနေရာ၏ ၀န်းကျင်၌ ရေများ၀ပ်နေပြီး နေရာများစွာတွင် စွန့်ပစ်ထားသော အမှိုက်များနှင့် အနံ့ဆိုးများပင် ထွက်နေသည်။

       “ဆိုးလိုက်တဲ့ အနံ့"
     စစ်မာယန်၏ မျက်နှာရှုံ့မဲ့သွားပြီး နှာခေါင်းပိတ်လိုက်သည်။ အစက သူ၏ အမြင်အရ ဖီးနစ်နဂါးကျောင်းသည် မိုးပြာတောအုပ်အင်ပါယာနိုင်ငံ၏ အင်ပါယာမိသားစု တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်သည်။  အလျင်အမြန် တည်ဆောက်ခဲ့လျှင်ပင် ပတ်၀န်းကျင်မှာ သိပ်မဆိုးသင့်ပေ။
      သို့သော်လည်း အစစ်အမှန်ဖြစ်ရပ်မှာ သူ လုံး၀မှားကြောင်း သက်သေပြနေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now