၁၄၁ - ၁၄၅

185 17 0
                                    

War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous

အပိုင်း(၁၄၁)နားလည်မှု လွဲမှားခြင်း

   
    နည်းပြပင် ထွက်ပြေးသွားသောကြောင့် သွမ့်လင်းထျန်နှင့် အခြားလူငယ်များသည်လည်း ခြွင်းချက်မဟုတ်ပေ။

     “သွားစို့"
    သွမ့်လင်းထျန်၏ မျက်နှာထားလေးနက်သွားပြီး မူလစွမ်းအင်များ ပေါက်ကွဲထွက်လာကာ သူ၏ ခြေထောက်များ လေကဲ့သို့ လှုပ်ရှားသွားသည်။

    ဝိညာဉ်မြွေလှုပ်ရှားမှုပညာရပ်…

    သွမ့်လင်းထျန်သည် ဖန်ကျန်၏နောက်မှ ဦးဆောင်၍ လိုက် လိုက်သည်။ သို့သော်လည်း ဖန်ကျန်သည် အမြန်ဆုံးနှုန်းထားဖြင့် ထွက်ပြေးသွားသောကြောင့် လျင်မြန်စွာပင် သွမ့်လင်းထျန်ကို အဝေးတွင် ချန်ခဲ့သည်။

     ရှောင်ယွီ၊ မန်ချွမ်နှင့် လျိုချန်းတို့သည် သွမ့်လင်း‌ထျန်‌၏နောက်တွင် ကပ်လျက်လိုက်ပါလာကြပြီး မိုးသောက်အုံ့ဆိုင်းခြင်းတောင်တန်းထဲမှ ထွက်ပြေးလာကြသည်။

     “ဟော…ဟော…ဟော…ဟဲ.."
  
    တည်ငြိမ်အေးဆေးစွာရှိနေသော သွမ့်လင်းထျန်နှင့် အနည်းငယ် အသက်ရှူမြန်နေသော ရှောင်ယွီမှ လွဲ၍ မန်ချွမ်နှင့် လျိုချန်းတို့ နှစ်ဦးလုံးသည် အောက်သို့ထိုင်ချ၍ အသက်ကို မောကြီးပန်းကြီး ရှူနေသည်။

    “ကံကောင်းပြီး ငါလွန်ခဲ့တဲ့ လဝက်က အဓိကဖွဲ့စည်းမှုအဆင့်သုံးကို ချိုးဖျက်နိုင်ခဲ့တာ...မဟုတ်ရင် ငါထွက်ပြေးနိုင်မှာ မဟုတ်ဘူး"
   စောနက မြင်ကွင်းအား ပြန်အမှတ်ရသည့်အခါ မန်ချွမ်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ယှက်ပြေးသွားသည်။

    ထိုအချိန်၌ အခြားအဖွဲ့သုံးမှ လူငယ်လေးယောက် ရောက်လာကြသည်။

    လူငယ်လေးယောက်လုံးသည် အဓိကဖွဲ့စည်းမှုအဆင့်သုံး သိုင်းပညာရှင်များ ဖြစ်ကြသည်။

   အခြားလူငယ်သုံးယောက်မှာမူ သူတို့သည် အဓိကဖွဲ့စည်းမှုအဆင့်နှစ်သာ ဖြစ်သောကြောင့် မိုးသောက်အုံ့ဆိုင်းခြင်းတောင်တန်းထဲတွင် ထာဝရနေခဲ့ရသည်။ အဖွဲ့သုံးတွင် တစ်ဆယ့်တစ်ယောက်ရှိရာမှ ရှစ်ယောက်သာ ကျန်ရှိတော့သည်။
   
     “တကယ်လို့ ငါတို့သာ နှေးနေခဲ့ရင် ငါတို့ အားလုံး မိုးသောက်အုံ့ဆိုင်းခြင်းတောင်တန်းထဲမှာ ထာဝရနေခဲ့ရလိမ့်မယ်…ကံကောင်းတာက ဒီသားရဲအုပ်ကြီးရဲ့ ရှေ့မှာ အစွမ်းနိမ့်တဲ့ သားရဲတွေပဲ ပါလာပြီးတော့ အစွမ်းထက်တဲ့ သားရဲတွေက နောက်ဆုံးမှာ လိုက်ပါလာတာပဲ…သားရဲတွေထဲမှာ မူလအူတိုင်အဆင့်တွေတောင် ပါတယ်"
     ရှောင်ယွီ ကြောက်ရွံ့သော မျက်နှာထားဖြင့် ရှိနေသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now