၈၄၁ - ၈၄၅

167 12 0
                                    


အပိုင်း(၈၄၁)ရီလူ

      “အစ်ကိုကြီး အကြီးအကဲခုန်…တကယ်လို့ ယွင်ရှန်က ညီလေးသွမ့်ကို စိန်ခေါ်မယ်ဆို အစ်ကိုကြီးတို့နှစ်ယောက် ခွင့်ပြုမှာလား"
     ဖုန်ထျန်းနန်သည် ဖုန်ယွင်ရှန်၏ စိုးရိမ်ပူပန်မှုကို သတိထားမိသဖြင့် သူ၏ အကြည့်သည် ဖုန်ဝူတောက်နှင့် အကြီးအကဲခုန်ပေါ်သို့ ကျရောက်သွားကာ အသာပြုံး၍မေးလိုက်သည်။

      “မင်းယုံကြည်ချက်ရှိရင်  စိန်ခေါ်လို့ရတယ်"
     ဖုန်ဝူတောက် တဲ့တိုးတုံ့ပြန်လိုက်သည်။

      “အကြီးဆုံးသခင်ကြီးပြောတာကို ကျုပ်သဘောတူတယ်"
     အကြီးအကဲခုန်ခေါင်းညိတ်လိုက်၏။

     ဖုန်ဝူတောက်နှင့် အကြီးအကဲခုန်၏ စကားကိုကြားချိန်၌ ဖုန်ယွင်ရှန်၏ မျက်လုံးများတောက်ပသွားပြီး သူ၏ စိုးရိမ်ပူပန်မှုအားလုံး ပျောက်ပျက်သွားသည်။
      ဖုန်ယွင်ရှန်သည် ကပျာကယာမတ်တတ်ရပ်ပြီး သွမ့်လင်းထျန်ကို စိန်ခေါ်ရန် ပြင်လိုက်သည်။
      သို့သော်လည်း ကံမကောင်းစွာပင် သူ ခြေတစ်လှမ်း နောက်ကျသွားဆဲဖြစ်သည်။

      “ကျုပ်မှာ ကန့်ကွက်စရာရှ်ိတယ်"
     ပထမတန်းစားပွဲကြည့်နေရာပေါ်မှ အနည်းငယ် အက်ကွဲကွဲအသံ ထွကိပေါ်လာသည်။

     နောက်ပိုင်း၌ လှောင်အိမ်တိုက်ပွဲက လူတိုင်းသည် ရီကလန်ခေါင်းဆောင်၏ ဘေးက ပုံရိပ်တစ်ခု ထွက်ပေါ်လာကြောင်းကို မြင်တွေ့လိုက်သည်။
     ထိုပုံရိပ်သည် မျက်တောင်တစ်ခတ်အတွင်း လှောင်အိမ်တိုက်ပွဲအထက်ကောင်းကင်သို့ ရောက်ရှိသွားသည်။
      ၎င်းမှာ အသက်သုံးဆယ့်ငါး၊ သုံးဆယ့်ခြောက်နှစ်ခန့်ရှိသော အစိမ်းရောင်အ၀တ်အစားနှင့် လူရွယ်တစ်ယောက်ဖြစ်ပြီး သာမန်ရုပ်ရည်ရှိသည်။

      “ရီလူ"
      ချက်ချင်းပင် လူများစွာသည် ထိုခရမ်းရောင်အ၀တ်အစားနှင့်လူရွယ်ကို မှတ်မိသွားသည်။
     ရီလူသည် ရီကလန်၏ လူငယ်မျိုးဆက်ထဲတွင် အကြီးဆုံးသခင်လေးရီရှောင်ထက်သာ နိမ့်ကျသူဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ ဟင်းလင်းပြင်အစပျိုးခြင်းအဆင့်ရှစ်ဖြစ်သည်။
    တစ်ချိန်တည်းမှာပင် သူသည် ပထမအချီကနေ နောက်တစ်ဆင့်ကို‌တက်နိုင်ခဲ့သည့် လူတစ်ယောက်လည်းဖြစ်သည်။
 
      “ရီလူက သွမ့်လင်းထျန်ကို စိန်ခေါ်မလို့လား"
    ဖုန်ယွင်ရှန် မျက်မှောင်ကြုတ်သွားပြီး ပြန်ထိုင်လိုက်ကာ အဖြစ်အပျက်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now