၄၃၆ - ၄၄၀

159 15 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၃၆)ဆွဲလွှင့်ပစ်ခြင်း

    ကျန်းရှောက်ရုံ၏ အသံကိုကြားသောအခါ သက်လတ်ပိုင်းလူများ ကြောင်တောင်တောင်ဖြစ်သွားကြသည်။
    မကြာခင်၌ သူတို့ သတိပြန်၀င်လာပြီး ကျန်းရှောက်ရုံဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းသွားကာ သူ့ကို ဝိုင်းလိုက်သည်။

     ဦးဆောင်လာသော သက်လတ်ပိုင်းလူ လှောင်ပြောင်လိုက်သည်။
     “မင်းလိုရွံစရာကောင်းတဲ့ ယစ်ထုပ်တစ်ယောက်က ငါတို့လို အရှင်သခင်တွေကို ဝေဖန်ရဲတယ်ပေါ့…ငါလုပ်ချင်သလိုလုပ်မယ်…မင်းအပူမပါဘူး…"

      “ဘယ်အချိန်တုန်းကစပြီး ဒီလိုယစ်ထုပ်တစ်ယောက်က ငါတို့ကို စော်ကားရဲသွားတာလဲ...သေချင်နေတာလား"

      “ရွံစရာကောင်းတဲ့ယစ်ထုပ်…မင်းနောက်ထပ် ပါးစပ်ထပ်ဟရင် မင်းရဲ့ ဦးလေးက မင်းကို ကိုင်ပေါက်ရလိမ့်မယ်နော်"

     “………"

    အခြားသက်လတ်ပိုင်းလူများသည် ကျန်းရှောက်ရုံကို အကျည်းတန်စွာပြုံး၍ ကြည့်လိုက်သည်။

     နောက်ဆုံး၌ ခကျန်းရှောက်ရုံခေါင်းမော့လာသည်။  

     “ထာ၀ရကျောက်စိမ်းစားသောက်ဆိုင်က မင်းတို့ကို မကြိုဆိုဘူး"
     ကျန်းရှောက်ရုံ ဖြည်းလေးစွာဖြင့် ပြောလိုက်သည်။ သူ၏ စကားဆုံးသည့်နောက် သူသည် ဝိုင်ဘူးကို ကောက်ကိုင်လိုက်ပြီး နောက်တစ်ငုံသောက်လိုက်သည်။ ထို့နောက် မူးနေသော ယစ်ထုပ်တစ်ယောက်ပမာ ခေါင်းအနည်းငယ် ယိမ်းထိုးသွားသည်။

     “ဒီလူတွေတော့ ကံဆိုးတော့မှာပဲ"
    သွမ့်လင်းထျန်သည် ကျန်းရှောက်ရုံ၏ မျက်လုံးထဲလက်သွားသည့် ရက်စက်မှုကို သတိပြုမိလိုက်ပြီး သူ၏ နှလုံးသားလှုပ်ခတ်သွားသည်။

     “ဟား…ဟား…"
    သက်လတ်ပိုင်းလူသည် ကျန်းရှောက်ရုံ၏ စကားကိုကြားသောအခါ ခွက်ထိုးခွက်လန်ရယ်၍ နောက်တဖန်လှောင်ပြောင်ရန် ပြင်လိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now