၃၉၆ - ၄၀၀

196 17 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၉၆)အဝါရောင်၀တ်စုံနှင့် မိန်းကလေး

    “ကျေးဇူးတင်ပါတယ် တောင်သခင်"
     သွမ့်လင်းထျန် ကျန့်ဖန်ကို အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းကြည့်ရန် ဆန္ဒမရှ်ိဘဲ ကွက်လပ်လက်စွပ်ကို သိမ်းလိုက်သည်။

     သွမ့်လင်းထျန်၏ ပုံရိပ် လီဖေး၏ ဘေးသို့ ဆင်းသက်လာသည်။

     “လူညစ်"
    လီဖေး၏ မျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
     သူမသည် သွမ့်လင်းထျန် အပြင်စည်းသိုင်းပြိုင်ပွဲတွင် ပထမရခြင်းအတွက် ပျော်ရွှင်နေသည်။

      ၎င်းမှာ သူမ၏ လူ၊ သူမ လီဖေး၏ လူဖြစ်သည်။

     သွမ့်လင်းထျန် လီဖေးကို ကြည့်လိုက်ရာ သူ၏ စူးရှသော အကြည့်သည် နွေးထွေးမှုနှင့် ချစ်မြတ်နိုးသော အကြည့်ဖြစ်သွားသည်။ ရှီဟောင်နှင့် ရင်ဆိုင်ခဲ့သည့် သူ၏ သွင်ပြင်နှင့် နှိုင်းယှဉ်ပါက လုံးဝြခားနားသော လူတစ်ယောက်ဖြစ်သည်။

       “သွမ့်လင်းထျန်နဲ့ ဒီအဲကိတ်တောင်ရဲ့ ဂျူနီယာညီမက ပြီးပြည့်စုံတဲ့ စုံတွဲပဲ…ကောင်းကင်က ဖက်ပေးတဲ့ စုံတွဲတစ်တွဲပဲ"

      “ဟုတ်တယ်…သွမ့်လင်းထျန်လို လူငယ်ပါရမီရှင်တစ်ယောက်က ဒီဂျူနီယာညီမနဲ့ပဲ ထိုက်တန်တယ်"

   “တကယ်ကို မနာလိုအားကျစရာကောင်းတာပဲ"

     ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ အပြင်စည်းတပည့်များ စိတ်ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

    “ဟန့်"
     ဟူရွှယ်ဖန်း၏ မျက်နှာ အလွန်နက်မှောင်သွားသည်။

       အစောပိုင်းက သွမ့်လင်းထျန် နက်နဲမူလသစ်သီးကိုရသွားသည့်အခါ သူ၏ နှလုံးသားထဲ၌ ဒေါသမီးလျှံများ ပေါ်ပေါက်လာခဲ့သည်။

     အကြောင်းမှာ သူ၏ အမြင်အရ ထိုမူလသစ်သီးသည် သူ့အပိုင်ဖြစ်သင့်သည်။ သို့သော်လည်း သွမ့်လင်းထျန်သည် သူ၏ မူလသစ်သီးကို သိမ်းပိုက်သွားခဲ့သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now