၅၁၁ - ၅၁၅

172 18 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၁၁)အကြီးအကဲဖုန်းဖျင်

     “အစ်ကိုလင်းထျန်…ခုနက အစ်ကိုအရမ်းညစ်ပတ်လွန်းတာပဲ…ဟဲ...ဟဲ..."
      ရွှေကြွက်လေး သွမ့်လင်းထျန်၏ နားထဲ အသံပို့လွှတ်လိုက်သည်။ သူမ၏ စကားမှတစ်ဆင့် သူမသည် အစောပိုင်းက အဖြစ်အပျက်အား ရည်ညွှန်းခြင်းဖြစ်ကြောင်း ထင်ရှားသည်။

      “ကြည့်လိုက်လေ…တချို့ကိစ္စတွေက ဒီလိုလွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ရတယ်…မင်းလူတွေ သတ်ဖို့မလိုဘူး"
      သွမ့်လင်းထျန် အခြားသူတစ်ယောက် ကြည်ညိုလေးစားနိုင်သည့်သွင်ပြင်ဖြင့် စိတ်ရှည်စွာ ရှင်းပြလိုက်သည်။

      “ကျွန်မ နားလည်ပြီ...ကျွန်မနားလည်သွားပြီ…နောက်ကျရင် ကျွန်မလည်း သူတို့ကို မသတ်တော့ဘူး…ကျွန်မ သူတို့ရဲ့ အ၀တ်‌တွေကို ချွတ်ပြီး ကိုယ်တုံးလုံးနဲ့ ပတ်ပြေးခိုင်းမယ်…အရမ်းရယ်စရာကောင်းတာပဲ…အရမ်းရယ်စရာကောင်းတာပဲ…သားရဲတွေနဲ့ နတ်ဆိုးသားရဲတွေကိုတော့ သူတို့ကို အရေခွံခွာလိုက်မယ်…အဲဒီနောက်မှာ…"

     သွမ့်လင်းထျန် ရွှေကြွက်လေး၏ အသံပို့လွှတ်ချက်ကို နားထောင်ရင်း ကြက်သီးမွေးညင်းထသွားသည်။

     ဒီနတ်ဆိုးမလေး
    သူမသည် လူသားများအကြောင်း ပြောနေခြင်းသာ မဟုတ်ပေ။
    သားရဲများနှင့် နတ်ဆိုးသားရဲများကိုလည်း အရေခွံခွာချင်နေပါသည်လော…

    ထိုအချိန်၌ သွမ့်လင်းထျန် ကျောရိုးတစ်လျှောက်စိမ့်တက်သွားသည်။
     ထိုကောင်မလေးမှာ အလွန်ကြောက်စရာကောင်းလှသည်။

     လမ်းကျဉ်းလေးအား ဖြတ်ကျော်လာပြီးသောအခါ သွမ့်လင်းထျန် လမ်းမကြီးတစ်ခုကို မြင်လိုက်ရသည်။
      အစောပိုင်းက လမ်းပြသူ၏ စကားအရ သွမ့်လင်းထျန်သည် သူ၏ နှလုံးသားထဲတွင် တွေးတောရင်း ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာသည်။

     “ကြည့်ရတာ ကျောက်လေက ရှေးဟောင်းမြစ်ကုန်သွယ်ရေးအဖွဲ့ခွဲကို တိုက်ရိုက်ပြန်သွားတဲ့ပုံပဲ"
       သွမ့်လင်းထျန် သိထားသည့်အတိုင်းဆိုပါက ထာ၀ရရှေးဟောင်းမြို့ကို အကြီးအကဲနှစ်ယောက်အပြင် နောက်ထပ်အတွင်းစည်းတပည့်သုံး‌ယောက်ပို့ထား‌သေးသည်။
     ကျောက်‌လေသည် အတွင်းစည်းတပည့်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်ပေလိမ့်မည်။
      
      “အခြေတည်ဝိညာဉ်အဆင့်သုံး…သူက ဒီနားတစ်ဝိုက်မှာ လတ်လျားလတ်လျား အချိန်ဖြုန်းနေတဲ့သူ ဖြစ်လိမ့်မယ်"
     သွမ့်လင်းထျန် သူ၏ နှလုံးသားထဲ၌ တွေးတောလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now