၈၆၆ - ၈၇၀

163 13 0
                                    


အပိုင်း(၈၆၆)နောက်ဆုံးတိုက်ပွဲသုံးပွဲ

     “နောက်တစ်ခါတစ်ချက်တည်းနဲ့ လည်လှီးလိုက်တာလား"

   “ သွမ့်လင်းထျန်ထိန်းထားတာကြောင့်သာမဟုတ်ရင် ဒုတိယမင်းသားသေမှာသေချာတယ်"
 
     “ဘယ်လောက်မြန်လိုက်တဲ့ဓားချက်လဲ…ကြောက်ခမန်းလိလိပဲ"
    ရှိနေကြသော လူများသည်  သွမ့်လင်းထျန် ပိုင်ဟဲအား အနိုင်ယူခြင်းကို မအံ့ဩသော်လည်း  သွမ့်လင်းထျန်၏ အမြန်နှုန်းကို တုန်လှုပ်နေကြဆဲဖြစ်သည်။

      သွမ့်လင်းထျန်သည် ရီရှောင်နှင့် ပိုင်ဟဲကို နှစ်ကြိမ်တိတိတိုက်ခိုက်ခဲ့သည်။
      သို့သော်လည်း သူတို့နှစ်ယောက်လုံးသည် တူညီသောကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရပြီး သူတို့မတုံ့ပြန်နိုင်သေးခင်မှာပင် သူတို့၏ လည်ပင်းကို အမှတ်မှတ်ခံခဲ့ရသည်။

     “သွမ့်လင်းထျန်"
     ကျောက်တုံးနက်အင်ပါယာကလူများထိုင်သည့် ဒုတိယတန်းစားပွဲကြည့်နေရာတွင် ကင်းရုံ၏ မျက်နှာပေါ်၌ အပြုံးတစ်စပေါ်လာသည်။

       သွမ့်လင်းထျန်၏ စွမ်းဆောင်ရည်သည် သူ၏ မျှော်မှန်းချက်များထက် ကျော်လွန်ရာ သူ့အားကျေနပ်စေသလို တစ်ချိန်တည်းသွားခင် အံ့ဩတုန်လှုပ်‌စေသည်။ သည့်မတိုင်ခင်က သူတို့ ကျောက်တုံးနက်အင်ပါယာက အဖွဲ့၀င်တစ်ယောက်သည် ဤမျှအတိုင်းအတာထိ ရောက်နိုင်လိမ့်မည်ဟု သူ လုံး၀ မထင်ထားခဲ့ပေ။
     အကယ်၍ သူ့ရှေ့ကအရာအားလုံးသည် အစစ်အမှန်ဖြစ်ကြောင်း သေချာနေခြင်းကြောင့်မဟုတ်ပါက သူ့ကိုယ်သူ အိပ်မက်မက်နေသလိုခံစားရလိမ့်မည်ဖြစ်သည်။
     သို့သော်လည်း လှောင်အိမ်တိုက်ပွဲကွင်းထဲက လူများ မည်မျှအံ့ဩ‌တုန်လှုပ်စေကာမူ မင်းဆက်၏ သိုင်းပြိုင်ပွဲသည် အရှိန်ပြင်းပြင်းဖြင့် တောက်လောင်နေသော မီးလျှံသဖွယ် ဆက်လက်၍ ကျင်းပနေဆဲဖြစ်သည်။

      ရည်ရွယ်ချက်ရှိရှိလား သို့မဟုတ် အမှုမဲ့အမှတ်မဲ့လားမသိ   သွမ့်လင်းထျန်၊ ကျီရှန့်နှင့် ပိုင်ဟောင်တို့သည် တခြားပါရမီရှင်သုံးယောက်ကို သူတို့၏ ပြိုင်ဘက်များအဖြစ် ရွေးချယ်ခဲ့ကြသည်။
    မကြာခင်၌ တခြားပါရမီရှင်သုံးယောက်သည် သူတို့သုံးယောက်၏ လက်ထဲ ရှုံးနိမ့်သွားခဲ့သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now