၄၀၆ - ၄၁၀

166 17 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၀၆)ကျန့်ဖန်၏ ဖိတ်ကြားချက်

      သွမ့်လင်းထျန်သည် လွီချိုး၏ နောက်မှ လျင်မြန်စွာ ဆက်လိုက်လာသည်။
     လမ်း၌ သူသည် ချိုင့်ဝှမ်းများစွာကို တွေ့ခဲ့သည်။

    “ဒီနေရာတွေက အတွင်းစည်းတပည့်တွေ ကျင့်ကြံတဲ့ နေရာတွေပဲ…ဒါက ဝိညာဉ်နယ်မြေပေါ်မှာ မဟုတ်ဘူးဆိုရင်တောင် ဝိညာဉ်နယ်‌မြေတွေရဲ့ ဧရိယာအတွင်းမှာ ရှိသေးတယ်…ပြီးတော့ ဒီနေရာက ကျင့်ကြံခြင်းပတ်၀န်းကျင် အတော်လေးကောင်းတယ်"
    လွီချိုး သွမ့်လင်းထျန်ကို မိတ်ဆက်ပေးလိုက်သည်။

       သွမ့်လင်းထျန် ခေါင်းညိတ်လိုက်၏။

     ဤနေရာမှ ကျင့်ကြံမှုပတ်၀န်းကျင်သည် ကျောက်စက်ပန်းဆွဲဂူထက် များစွာ နိမ့်ကျသည့်တိုင် ဓားတောင်ခြောက်တောင်မှ အခြားနေရာများနှင့် ယှဉ်ပါက ပိုကောင်းပေသည်။

    “ဒါက မိုက်ဇာခန်းမပဲ"
   မကြာခင်၌ လွီချိုး၏ အသံထွက်ပေါ်လာသည်။
   
    သွမ့်လင်းထျန် ကြည့်လိုက်ရာ သူ၏ ရှေ့၌ စင်မြင့်တစ်ခုထွက်ပေါ်လာပြီး စင်မြင့်ပေါ်၌ ခမ်းနားထည်ဝါသော နန်းတော်တစ်ခု တည့်မတ်စွာ ရှိနေသည်။

     မိုက်ဇာခန်းမ…

    ထိုမိုက်ဇာခန်းမသည် လွန်ခဲ့သော ရက်အနည်းငယ်က အပြင်စည်းသိုင်းပြိုင်ပွဲကို ကြီးမှူးကျင်းပခဲ့သည့် မိုက်ဇာတောင်၏ တောင်သခင်ကျင့်ကြံသည့်နေရာဖြစ်‌ကြောင်းကို သွမ့်လင်းထျန် ရှင်းလင်းစွာ သိသည်။

      သွမ့်လင်းထျန်နှင့် လွီချိုးတို့ တောင်ပေါ်ဆက်တက်သွားရန် ပြင်လိုက်စဉ်၌…

     မိုက်ဇာခန်းမ၏ အထက် လေသာဆောင်မှ ပုံရိပ်တစ်ခု လေအလျင်နှုန်းအတိုင်း ထွက်ပေါ်လာပြီး မကြာခင်၌ သွမ့်လင်းထျန်နှင့် လွီချိုးတို့၏ ရှေ့သို့ ရောက်ရှိလာသည်။

     “ဂျူနီယာညီငယ်သွမ့်လင်းထျန် စောင့်ပါဦး"
   ၄မှာ အသက်နှစ်ဆယ့်‌ခြောက်နှစ်၊ အသက်နှစ်ဆယ့်ခုနှစ်နှစ်၀န်းကျင်ခန့်ရှိသော လူရွယ်တစ်ယောက်ဖြစ်ပြီး ဓားသဏ္ဌာန်မျက်ခုံးများနှင့် တောက်‌ပသော မျက်လုံးများကို ပိုင်ဆိုင်ကာ အထင်ကြီးစရာကောင်းသော သွင်ပြင်ဖြစ်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now