၅၂၆ - ၅၃၀

157 21 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၂၆)ရှောင်ကြဉ်သင့်သောအရာ

        မကြာခင်၌ သူတို့၏ အစားအစာများရောက်လာသည်။ သွမ့်လင်းထျန်သည် နည်းနည်းသာစားပြီးနောက် ရွှေကြွက်လေး၏ အစာစားသောက်ခြင်းအပေါ် အာရုံစိုက်လိုက်သည်။

    ထိုကောင်မလေး၏ ခန္ဓာကိုယ်မှာ သေးပုံရသော်လည်း အစားကြီးသူဖြစ်သောကြောင့် ၄သည် စားသောက်ဆိုင်ထဲမှ လူများကို အံ့ဩစေသည်။

      ရုတ်တရက် သွမ့်လင်းထျန်၏ နားထဲ ဆွေးနွေးသံတချို့၀င်လာသည်။

      “မြန်မြန်စား…ငါတို့ မြို့စားမင်းသမီးရဲ့ သတိုးသားရှာဖွေရေးပြိုင်ပွဲကို သွားကြည့်ရအောင်"

       “မြို့စားမင်း သမီးက အရမ်းသန်မာလွန်းတယ်…အသက်နှစ်ဆယ့်ငါးနှစ်အောက်လူငယ်ပါရမီရှင်တွေမပြောနဲ့ဦး ငါတို့ကျောက်တုံးနက်အင်ပါယာမှာ မြို့စားမင်းသမီးကို ယှဉ်နိုင်တဲ့ အသက်သုံးဆယ်အောက်လူငယ်ပါရမီရှင်တောင်ရှိမှာမဟုတ်ဘူး"

      “ဒီနေ့က သတိုးသားလောင်းရှာဖြွေခင်းပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ပဲ…ပြီးတော့ ငါတို့ ဖီးနစ်အသိုက်မြို့ရဲ့ လူငယ်ပါရမီရှင်တွေလာကြလိမ့်မယ်…ဒါပေမဲ့ ငါ့ရဲ့အမြင်အရ ဘယ်သူမှ မြို့စားမင်းရဲ့ သမီးကိုအနိုင်ယူပြီး မြို့စားမင်းရဲ့ သားမက်ဖြစ်နိုင်လိမ့်မယ်လို့ မထင်ဘူး"

      “အရှင်မြို့စားမင်းရဲ့ လိုအပ်ချက်တွေက တအားမြင့်တာကို…သူ့သမီးကို အသက်နှစ်ဆယ့်ငါးနှစ်အောက်ကပဲ  အနိုင်ယူရမယ်တဲ့…ကျောက်တုံးနက်အင်ပါယာ၊ ဒက်ခံမင်းဆက်တစ်ခုလုံးမှာတောင် အဲလိုတည်ရှိမှုမျိုးက ဖီးနစ်အတောင်နဲ့ ချီလင်ဦးချိုလိုရှားလိမ့်မယ်"

       ………

      လူနှစ်ယောက် ဆွေးနွေးပြီးသောအခါ ကမန်းကတန်းစား၍ ထွက်ခွာသွားသည်။

     သတိုးသားလောင်းရှာဖြွေခင်းပြိုင်ပွဲ…
     သွမ့်လင်းထျန် ခေါင်းခါယမ်း၍ ပြုံးလိုက်သည်။ သူ၏ ယခင်ဘ၀က ဝူရှ၀တ္ထုများတွင်သာရှိတတ်သော ထိုကဲ့သို့ကိစ္စမျိုးနှင့် ကြုံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now