၅၃၆ - ၅၄၀

167 16 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၅၃၆)နှေးတယ် အရမ်းနှေးတယ်

      အကြီးအကဲခုန်၏ စွမ်းရည်ကို မည်သူမျှရှင်းရှင်းလင်းလင်းမသိပေ။
   ဒက်ခံမင်းဆက်၌ အကြီးအကဲခုန်၏ စွမ်းအားကို ဒုတိယနေရာတွင်ရှိသည်ဟု မယူဆနိုင်သော်လည်း မှော်ကမ္ပည်းပညာရပ်၌ အကြီးအကဲခုန်သည် နံပါတ်နှစ်ဆိုပါက မည်သူမျှ ကိုယ့်ကိုယ်ကိုယ်နံပါတ်တစ်ပါဟုပြောရဲလိမ့်မည် မဟုတ်ပေ။
        ဒက်ခံမင်းဆက်၏ ၀န်းကျင်မှ တခြားမင်းဆက်တချို့တွင်ပင် အကြီးအကဲခုန်နှင့် နှိုင်းယှဉ်နိုင်သော မှော်ကမ္ပည်းပညာရှင်အရေအတွက်ကို လက်ချိုးရေလို့ရသည်။
        မှော်ကမ္ပည်းပညာရပ်၌ အကြီးအကဲခုန်ထက် သာလွန်သော မှော်ကမ္ပည်းပညာရှင်ဟူ၍ တစ်ယောက်မျှ မရှိပေ။

       သို့သော်လည်း ယခု၌…

       အကြီးအကဲခုန်သည် ထိုအသက်နှစ်ဆယ်နှစ်နှစ်ခန့်ရှိသော လူရွယ်အား သူ၏ ဆရာဖြစ်နိုင်သည်ဟု ပြောနေသည်။
      ချက်ချင်းဆိုသလိုပင် ဖုန်ဝူတောက်၏ ရင်ဘတ်နိမ့်ချီမြင့်ချီဖြစ်လာပြီး အချိန်အတော်ကြာသည့်တိုင်အောင် မတည်ငြိမ်နိုင်ခဲ့ပေ။
     သတို့သားလောင်းရှာဖြွေခင်းပြိုင်ပွဲနေ့က သွမ့်လင်းထျန်၏ စိတ်စွမ်းအားသည် အခြေတည်ဝိညာဉ်အဆင့်နှင့် ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်ကြားမှ အတားအဆီးကို ရောက်နေသည်ဟု သိကတည်းက သူတုန်လှုပ်နေခဲ့ပြီးသားဖြစ်သည်။
    ယခု၌ သွမ့်လင်းထျန်၏ မှော်ကမ္ပည်းပညာရပ်အပေါ် နားလည်မှုအား သိသွားသောအခါ သူ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားသည်။

       “သွမ့်လင်းထျန်…သူက ဘွားဘွားကြီး ဝူအတွက် ဟောပေးထားတဲ့ ကံကြမ္မာလူဖြစ်ထိုက်တယ်… ထင်ထားတဲ့အတိုင်းပဲ ငါ ဖုန်ဝူတောက်ရဲ့ သားမက်က သာမန်မဟုတ်ဘူးကွ…ဟား…ဟား…ဟား…ဟား…"
      အလွန်ထိတ်လန့်တုန်လှုပ်နေပြီးနောက် ဖုန်ဝူတောက် အလွန်စိတ်လှုပ်ရှားလာကာ သူ၏ မျက်နှာထက် တောက်ပသော အပြုံးတစ်ခုတွဲခိုလာသည်။
      ထိုအချိန်၌ သွမ့်လင်းထျန်သည် သူ့သားမက်ဖြစ်ရန် သဘောမတူရ သေးကြောင်းကို သူ လုံးဝမေ့သွားပုံရသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now