၃၂၁ - ၃၂၅

186 19 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၂၁)ဝါးနက်မြို့
    
   ဆယ်ရက်ကြာပြီးနောက်…

   ဘန်း…

    သွမ့်လင်းထျန်၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်များ ဒလဟောထွက်လာသည်။ နောက်ဆုံး၌ သူသည် မူလအူတိုင်အဆင့်သုံး၏ နောက်ဆုံးအတားအဆီးကို ချိုးဖျက်ပြီး မူလအူတိုင်အဆင့်လေးသို့ ချောချောမွေ့မွေ့ ရောက်ရှိခဲ့သည်။
      ခွန်အားအနည်းငယ်ထုတ်ဖော်လိုက်သောအခါ သွမ့်လင်းထျန်၏ အထက်၌ ရှေးဟောင်းအမွေးရှည်ဆင်အရိပ်ခုနှစ်ဆယ့်တစ်ခုသိပ်သည်းလာသည်။

   ရှေးဟောင်းအမွေးရှည်ဆင်ခုနှစ်ဆယ့်တစ်ကောင်၏ စွမ်းအား…

    ပုံမှန်မူလအူတိုင်အဆင့်လေးသိုင်းပညာရှင်များနှင့် နှိုင်းယှဉ်ပါက သူသည် ရှေးဟောင်းအမွေးရှည်ဆင်ဆယ့်တစ်ကောင်၏ ခွန်အား ပိုသာလွန်သည်။
   ပုံမှန်မူလအူတိုင်အဆင့်ငါးသိုင်းပညာရှင်နှင့် နှိုင်းယှဉ်လျှင်ပင် သူသည် ရှေးဟောင်းအမွေးရှည်ဆင်တစ်ကောင်၏ ခွန်အား ပိုသာသေးသည်။

    သွမ့်လင်းထျန်၏ မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
    “ငါနောက်ဆုံးတော့ ချိုးဖျက်သွားပြီပဲ"

    အဆင့်တက်သွားပြီးနောက် သွမ့်လင်းထျန်၏ စိတ်အခြေအနေမှာ ကောင်းမွန်နေပြီး သူသည် ရှုံချွမ်အား ခေါ်ကာ မိန်းကလေးနှစ်ယောက်နှင့်အတူ စားသောက်ဆိုင်တစ်ခုသို့ ထွက်လာခဲ့သည်။

   စားသောက်ဆိုင်၏ အပြင်အဆင်မှာ ရှေးရိုးဆန်ပြီး တစ်စုံတစ်ယောက်အား အလွန်သက်သောင့်သက်သာဖြစ်စေသည့် ခံစားချက်ကို ပေးစွမ်းသည်။
     သွမ့်လင်းထျန်သည် မိန်းကလေးနှစ်ယောက်အား ခေါ်ကာ ပြတင်းပေါက်ဘေးမှ စားပွဲတစ်ခုကိုရှာလိုက်ပြီးနောက် ထိုင်ကာ ဟင်းပွဲတချို့မှာလိုက်သည်။

     “ကြယ်ဓားခုနှစ်လက်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်လား…"
      သွမ့်လင်းထျန်၏ စူးရှသော မျက်လုံးများသည် အကြည့်တစ်ချက်နှင့်အတူ အနီးအနားရှိ စားပွဲမှ ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ တပည့်သုံးယောက်ထဲတွင် တစ်‌ယောက်၏ အ၀တ်အစား၌ ငွေကြယ်ပွင့်များရှိနေကြောင်းကို သတိထားမိလိုက်သည်။
    ထိုလူရွယ်သည် အသက်နှစ်ဆယ့်ငါးနှစ်၀န်းကျင်ခန့်ဖြစ်ပြီး ကြယ်ဓားခုနှစ်လက်ဂိုဏ်း၏ အတွင်းစည်းတပည့်ဖြစ်ကြောင်း ထင်ရှားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now