၇၀၁ - ၇၀၅

151 16 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၀၁)ဘယ်သူကစားနိုင်မလဲ

     သွမ့်လင်းထျန် သူ့နောက်မှ လိုက်လာသည့် လူများကို ဂရုမစိုက်ဘဲ မြို့ထဲမှ ထွက်လာခဲ့သည်။

   သူမြို့ထဲမှ ထွက်ပြီး ကောင်းကင်သို့ ပျံသန်းသန်းချင်းမှာပင်…

     ဝှစ်…ဝှစ်…ဝှစ်…

     သွမ့်လင်းထျန်၏ နောက်မှ အလွန်လျင်မြန်သော လေအူသံသုံးသံ ထွက်ပေါ်လာသည်။
     ကောင်းကင်ထက်၌ ပုံရိပ်သုံးခုရပ်နေပြီး သွမ့်လင်းထျန်ကို တြိဂံပုံစံနေရာယူ၍ ဝိုင်းလိုက်သည်။

     “ဟမ်"
      သွမ့်လင်းထျန်သည် လူသုံးယောက်၏ ထွက်ပေါ်လာမှုကြောင့် အံ့ဩခြင်းမရှိဘဲ သူ၏အကြည့် ထိုလူသုံးယောက်ပေါ်သို့ ကျရောက်သွားသည်။
     ထိုသက်လတ်ပိုင်းလူသုံးယောက်သည် သူ့ကို အေးစက်စွာဖြင့် ကြည့်နေသည်။ 
     သွမ့်လင်းထျန်၏ စိတ်စွမ်းအား ထုတ်လွှတ်လိုက်စဉ်၌ ထိုလူသုံးယောက်၏ သိုင်းအဆင့် သူ့ဆီက ကွယ်ဝှက်မထားနိုင်ပေ။

     ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်လေးနှစ်ယောက်နှင့် ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်သုံးတစ်ယောက်...
      သူတို့သည် သွမ့်လင်းထျန်ကို ခြိမ်းခြောက်မှုနည်းနည်းမျှ မပေးနိုင်ပေ။

     “ခင်ဗျားတို့ကို ခင်ဗျားတို့ရဲ့ အကြီးဆုံးသခင်လေးက လွှတ်လိုက်တာလား"
        သွမ့်လင်းထျန် အရေးမစိုက်စွာဖြင့် ပြောလိုက်သည်။ ထိုအချိန်၌ သွမ့်လင်းထျန်၏အကြည့်သည်  ထိုလူသုံးယောက်၏ မျက်နှာအပြောင်းအလဲကို ဂရုတစိုက်ဖြင့် စူးစိုက်လေ့လာနေလျက်ရှိသည်။
       အဆုံး၌ သွမ့်လင်းထျန် အရိပ်အယောင်တစ်ခုကို သတိပြုမိလိုက်သည်။
      သူ စကားပြောလိုက်သည်နှင့်တစ်ချိန်တည်းမှာပင် လူသုံးယောက်၏ မျက်နှာအနည်းငယ်ပြောင်းလဲသွားသည်။

      “ကြည့်ရတာ ငါမှန်တဲ့ပုံပဲ"
     သွမ့်လင်းထျန်၏ အကြည့်များ တဖြည်းဖြည်းအေးစက်သွားသည်။

     “ဒါပေမဲ့ ခင်ဗျားတို့ ကျူးကလန်အကြီးဆုံးသခင်လေးရဲ့ အမိန့်နဲ့ လှုပ်ရှားဖို့ကြံနေကြတယ်ပေါ့…ကျူးကလန်ခေါင်းဆောင် ခင်ဗျားတို့ကိုအပြစ်ပေးမှာမကြောက်ဘူးလား"

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now