၂၆၁ - ၂၆၅

175 17 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၂၆၁)ရဲစွမ်းသတ္တိနှင့် ဉာဏ်ပညာနှစ်မျိုးလုံး ပိုင်ဆိုင်သည်

      နိဖန် ဆက်ပြောလိုက်သည်။
     “တကယ်တော့ ဒါက ကျုပ်ကြိုခန့်မှန်းနိုင်ခဲ့တာကြောင့် မဟုတ်ဘူး…ဒါက ဘာကြောင့်လဲဆိုရင် သူရဲကောင်းကျောင်းတော် ဗျုဟာရှင်ဌာနရဲ့ ကျောင်းသားတစ်ယောက်က ကျုပ်စစ်မထွက်ခင်မှာ သတ်ိပေးခဲ့လို့ပဲ…တကယ်လို့ ကျုပ် အခြေအနေတချို့ကို သတိပြုမိရင် ကျုပ်ကို ချက်ချင်းဆုတ်ခွာဖို့ သူက သတ်ိပေးခဲ့တယ်"
    
      “တပ်ဗိုလ်နိ…စစ်ဗျူဟာဆွဲနေတုန်းက ဗျူဟာရှင်ဌာနရဲ့ ကျောင်းသားတွေအားလုံး ရှိတယ်မဟုတ်ဘူးလား…သူက အားနည်းချက်ကို ကြိုသိတယ်ဆိုရင် ဘာလို့ အဲဒါကို မပြောတာလဲ"
      ဟူဝေအန်း၏ နောက်၌ ရပ်နေသော ဗျူဟာရှင်တစ်ယောက် ဒေါသထွက်သည့်အသံဖြင့် ပြောလိုက်သည်။

     “သူက အဲဒီအချိန်တုန်းက ရွက်ဖျင်တဲထဲမှာ မရှိသလို ဗျူဟာဆွဲတဲ့ထဲမှာလည်း မရှိဘူး"
     နိဖန် ဗျူဟာရှင်ကို ကြည့်၍ ပြောလိုက်သည်။

     တပ်မှူးဟူသည် တစ်စုံတစ်ခုအား အမှတ်ရသွားပုံရပြီး သူ၏ မျက်လုံးများ မှေးစင်းသွားသည်။ သူ ၎င်းကို မယုံကြည်နိုင်သေးချေ။

    အကယ်၍ အမှန်တကယ်ထိုကဲ့သို့ဆိုပါက သူ သူကိုယ့်သူ အပြစ်တင်ခြင်းမှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

     အဝေးတွင် ရပ်နေသော သွမ့်လင်းထျန်သည် နိဖန်၏ စကားကိုကြားသည့်အချိန်၌ နိဖန် သူ့အား ကြည့်နေကြောင်းကို သတိထားမိလိုက်သည်။
     နိဖန်သည် သေချာပေါက် သူ့အား ရောင်းစားရန် ကြံနေကြောင်းကို သူ သိလိုက်သည်။

    သွမ့်လင်းထျန် ခေါင်းခါယမ်းလိုက်ပြီး ထူးဆန်းသော မျက်နှာထားများဖြင့် ဖြစ်နေကြသည့် ရှောင်ယွီနှင့် ရှောင်ရွှမ်တို့အား ခေါ်ကာ နိဖန်၏ ဘေးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလိုက်သည်။

     “ဒါမင်းတို့လား"
    ဟူဝေအန်း၏ နောက်မှ ဗျူဟာရှင်နှစ်ယောက်၏ မျက်နှာများ ဖြူဖျော့သွားကြပြီး သူတို့၏ မျက်လုံးများထဲ၌ မယုံကြည်နိုင်မှုများ ထွက်ပေါ်လာသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now