၃၇၆ - ၃၈၀

179 18 0
                                    


War Sovereign Soaring The Heavens( ကောင်းကင်မှာ ဝဲပျံမည့် စစ်ဘုရင် )
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၃၇၆)ရှီဟောင်၏ စိန်ခေါ်မှု

   “ရှီဟောင်"
    အလီရက်တောင် ကုန်သွယ်ရေးခန်းမ၏ အပြင်ဘက်၌ ‌ပုံရိပ်တစ်ခုသည်  လေကဲ့သို့ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သံကြိုးတံတား၏ အနီးသို့ရောက်ရှိလာကာ ရှီဟောင်ကို ကြည့်လိုက်သည်။

     ၎င်းမှာ တုတ်ခိုင်သောခန္ဓာကိုယ်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး သူ၏ မျက်လုံးများ တောက်ပနေသည်။

     “အကြီးအကဲကျုံပင်"
    ထိုတောင့်တင်းကြံခိုင်သော လူ၏ ရှေ့၌ ရှီဟောင်သည်  သူ၏ မောက်မာသော ခေါင်းကို ငုံ့လိုက်သည်။

      “ရှီဟောင် ငါမင်းကို ပြောစရာတစ်ခုရှိတယ်…အပြင်စည်းသိုင်းပြိုင်ပွဲက အခုကစပြီး နောက်သုံးလအကြာမှာ ကျင်းပလိမ့်မယ်...အရင်လို သုံးနှစ်မပြည့်သေးတဲ့ အပြင်စည်းတပည့်တွေပဲ ပါ၀င်ခွင့်ရှိတယ်ဆိုတဲ့ ကန့်သတ်ချက်မရှိတော့ဘူး…တစ်စုံတစ်ယောက်က အပြင်စည်းတပည့်ဖြစ်နေသ၍ ပါ၀င်ခွင့်ရှိတယ်…မင်းလည်း ပါလို့ရတယ်"
   အလီရက်တောင်၏ အပြင်စည်းအကြီးအကဲဖြစ်သည့်  ကျုံပင်သည် ရှီဟောင်ကို ပြုံးကာ ပြောလိုက်သည်။
     “ဒီတစ်ခေါက် ငါတို့ အလီရက်တောင်က မင်းကို အားကိုးလိမ့်မယ်"

      သူ၏ အမြင်အရ ရှီဟောင်၏ စွမ်းအားဖြင့်ဆိုပါက မမျှော်လင့်ထားသော အရာတစ်ခုမဖြစ်ပွားလျှင် ရှီဟောင် သေချာပေါက် ပထမ ရလိမ့်မည်ဖြစ်သည်။

    “ဘာဖြစ်လို့လဲ"
    ရှီဟောင်သည် အစောက စိတ်လွတ်နေခဲ့သည်။ သို့သော်လည်း သူကျုံပင်၏ စကားကိုကြားသောအခါ စိတ်၀င်စားသွားသည်။
     “အပြင်စည်းသိုင်းပြိုင်ပွဲက အမြဲတမ်း ကန့်သတ်ချက်ရှိတယ်…ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြောင်းလဲသွားတာလဲ"

    သူ့ အတွက် နားလည်ရန် ခက်ခဲနေသည်။

    “ဒါက မက်ဂရက်တောင်ရဲ့ အပြင်စည်းတပည့်တစ်ယောက်က စတယ်လို့ ပြောရမယ်"
    ကျုံပင် ထိုအကြောင်းကို ပြောလိုက်သောအခါ သူ၏ မျက်လုံးများထဲ၌ မနာလိုမှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now