၆၆၆ - ၆၇၀

149 13 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၆၆၆) မိတ်ဆွေဟောင်း

     တိတ်ဆိတ်.....

      သေလောက်အောင် တိတ်ဆိတ်နေ၏။

     လှောင်အိမ်တိုက်ပွဲတစ်ခွင်လုံး အသံတစ်သံမျှ မကြားရပေ။
     လူတိုင်း၏ အကြည့်သည် ပွဲကြည့်စင်မြင့်၏တောင်ဘက် တစ်နေရာကို ကျရောက်နေသည်။
     ထိုနေရာ၌ အဘိုးအိုတစ်ယောက် အသက်ရှင်သည့် အရိပ်ယောင်မရှိဘဲ သွေးအိုင်ထဲလဲနေသည်။

      “ဘာဖြစ်တာလဲ"
    လူများစွာသည် အစောပိုင်းက ဘာဖြစ်သွားကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ပေ။
     ပွဲကြည့်စင်မြင့်၏ တောင်ဘက်မှ လူအချို့သာသိသည်။

      “ကျွိ…ကျွိ…"
    ရွှေရောင်ပုံရိပ်တစ်ခု သွမ့်လင်းထျန်၏ ပခုံးပေါ်သို့ ဖြည်းလေးစွာ ဆင်းလာသည်။ ၎င်းမှာ ရွှေကြွက်လေးဖြစ်သည်။

   ရွှေကြွက်လေးသည် သူမ၏ လက်ထဲ အိတ်ဆောင်အရွယ်အစား ဝိညာဉ်လက်နက်ဓားကို ကိုင်ထားပြီး ဓားမှ သွေးစက်များ စက်လက်ကျနေသည်။

     ဟူး…ဟူး…ဟူး…ဟူး…ဟူး…

     ………

     ပွဲကြည့်စင်မြင့်၏ တောင်ဘက်မှ လူအချို့ ပင့်သက်ရှိုက်လိုက်ကြသည်။
   
   စောနက အဘိုးအိုကို သတ်လိုက်တဲ့သူက ဒီရွှေကြွက်လေးလား....

    သည့်မတိုင်ခင်က အရူးသခင်‌လေးလောကျန့်သည် အသတ်ခံလိုက်ရသည့်အဘိုးအိုနှင့် ပဋိပက္ခဖြစ်ခဲ့သေးကြောင်းကို သူတို့သိသည်။ ထိုအချိန်က အဘိုးအိုသည် ဟင်းလင်းပြင်ထိစပ်ခြင်းအဆင့်ကိုး သိုင်းအဆင့်ကိုထုတ်ပြခဲ့ပြီး အဘိုးအိုသည် မင်းသားရှန့်၏ အိမ်တော်မှ လူတစ်ယောက်ဖြစ်ခဲ့ကြောင်းကိုလည်း သူတို့သိခဲ့သည်။
      ‌အဘိုးအို၏ ဘေးမှ အဖိုးတန်အ၀တ်အစား၀တ်ဆင်ထားသည့် လူရွယ်မှာမူ မင်းသားရှန့်အိမ်တော်၏ မင်းသားလေးကျန်းဟန်ဖြစ်သည်။ အစောပိုင်းက သွမ့်လင်းထျန် ကျန်းဟန်ကို လည်ပင်းကိုင်ကာ ဆွဲမလိုက်ခြင်းကပင် သူတို့ကို ထိတ်လန့်သွားစေခဲ့သည်။
      နောက်ပိုင်း၌ သွမ့်လင်းထျန်တိုက်ခိုက်ရသည့်အကြောင်းအရင်းမှာ ကျန်းဟန်၏ လှောင်အိမ်ထဲမှ ကျွန်အား စော်ကားသည့်စကားများကြောင့်ဖြစ်ကြောင်း သူတို့ သိခဲ့သည်။ သွမ့်လင်းထျန် ထိုကျွန်နှင့် သိပုံရသည်။
       ထို့ပြင် လက်ရှိ သွမ့်လင်းထျန်၏ ပုံစံကိုကြည့်၍ သူနှင့်ကျွန် အကြားတွင် နက်ရှိုင်းသောဆက်ဆံရေးရှိသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now