၄၃၁ - ၄၃၅

178 18 0
                                    


War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၄၃၁)ပေါင်းပင်ကို အမြစ်မှနှုတ်ခြင်း

     သွမ့်လင်းထျန် မိုက်ဇာခန်းမမှ ထွက်လာပြီးနောက် ဒူဘီတောင်ပေါ်မှ ဆင်းလာခဲ့သည်။ သူ၏ မျက်လုံးများ တည်ငြိမ်နေပုံရသော်လည်း စင်စစ်တွင်မူ မျက်လုံးအိမ်ထဲ၌ သွေးဆာမှုများ ပုန်းကွယ်နေသည်။

      “လျှိုရှစ်ကော"
     ရုတ်တရက် သွမ့်လင်းထျန်၏ မျက်နှာ မှုန်မှိုင်းသွားပြီး အေးစက်ခြင်းအလွှာတစ်ခု လွှမ်းခြုံလာသည်။ ထိုနာမည်သည် သူ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်းစွဲထင်နေသည်။
     ယခု သူသည် လျှိုရှစ်ကောအား သူသေကိုယ်သေစိန်ခေါ်ကာ ထိုးစစ်မှော်ကမ္ပည်းကို သုံး၍ သတ်ပစ်နိုင်စွမ်းရှိသည်။ သို့သော်လည်း သွမ့်လင်းထျန် ထိုသို့မလုပ်ချင်ပေ။
     သူလျှိုရှစ်ကောကို မှော်ကမ္ပည်းတစ်ခုဖြင့် သတ်နိုင်သော်လည်း သူ့အတွက် သူ၏ နှလုံးသားထဲမှာ အမုန်းတရားကို ဖြေဖျောက်ရန် ခက်ခဲသည်။
      သူသည် သူ၏ အစစ်အမှန်စွမ်းအားကို သုံး၍ လျှိုရှစ်ကော၏ ယုံကြည်မှုအား ဖျက်ဆီးကာ လျှိုရှစ်ကော ယနေ့လုပ်ခဲ့သည့် အရာအားလုံးကို နောင်တရအောင် လုပ်ချင်သည်။
     ၎င်းမှာ သူ၏ မောက်မာမှုဖြစ်သည်။
     သူကျသည့်နေရာမှ ပြန်တက်မည်။
    ၎င်းမှာ စစ်မှန်သော ယောကျာ်းတစ်ယောက်ဖြစ်သည်။

     သွမ့်လင်းထျန် ဒူဘီတောင်ပေါ်မှ ဆင်းလာပြီးနောက် မက်ဂရက်တောင်သို့ တိုက်ရိုက်လာခဲ့သည်။

    ထို့နောက် နာရီ၀က်ခန့်လှည့်ပတ်သွားပြီးနောက် ကျောက်စက်ပန်းဆွဲဂူထဲပြန်လာကာ စိတ်ကိုတည်ငြိမ်အောင်လုပ်၍ ကျင့်ကြံလိုက်သည်။
     သွမ့်လင်းထျန်သည် နှစ်လလုံးလုံး ကျောက်စက်ပန်းဆွဲဂူ၌ ကျင့်ကြံခဲ့သည်။

    သူဗိုက်ဆာသည့်အခါတွင် အသားတချို့ကိုကင်ခဲ့ပြီး ဗိုက်ပြည့်သွားသည်နှင့် ဆက်လက်ကျင့်ကြံခဲ့သည်။
    နေ့ကောညကော ကြိုးစားကျင့်ကြံနေခြင်းဖြစ်သည်။

   အချိန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။

    အချိန်နှစ်လမှာ ကြာခြင်းလည်းမရှိသလို တိုခြင်းလည်းမရှိဘဲ ကုန်လွန်သွားသည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now