မိတ်ဆက်

31.1K 1.3K 12
                                    

Unicode
Intro

ချောင်လန် ဝတ္ထုစာအုပ်ထဲကို ရောက်သွားတယ်။

သူမက အနိုင်ကျင့်ခံရပြီးတဲ့နောက် မှာ ဇာတ်လိုက် မင်းသမီးကယ်ပေးခံရတဲ့ ဇာတ်ရံတစ်ယောက်။ ဒါပေမဲ့ သူမက ဇာတ်လိုက် မင်းသားကို ချစ်မိသွားတော့ ဇာတ်လိုက် မကို မနာလိုတွေဖြစ်လာပြီး နောက်ဆုံးမှာ ဆိုးဝါးစွာအဆုံးသတ်သွားရတယ်။

ဒီဝတ္ထုထဲကို ရောက်လာတဲ့ပထမဆုံးအချိန်မှာ ချောင်လန်က သူမထက်ပိုပြီး သနားစရာကောင်းတဲ့ ဇာတ်ရံတစ်ယောက်ကိုတွေ့ခဲ့တယ်။ သူက အနိုင်ကျင့်ခံနေရပြီး အထီးကျန်ဝေဒနာကို ဆိုးဆိုးဝါးဝါးခံစားနေရတယ်။ ပြီးတော့ သူ့ရဲ့ခြေထောက်တွေကလဲ မလှုပ်ရှားနိုင်ဘူး။

ချောင်လန်: ......

နောက်ထပ် ၂နှစ်လောက်ပဲ နေရတော့မယ့် ကောင်လေးအကြောင်းကို တွေးလိုက် မိတော့ ချောင်လန်ရဲ့အသိစိတ်က အပြစ်ရှိသလိုခံစားလာရပြီး အဲ့ဒီ့ထိုင်းမှိုင်းနေတဲ့ ကောင်လေးကို စပြီး ဂရုစိုက်ပေးလာတယ်။

ထန်းမော့က ရောင်းအားအကောင်းဆုံး ဝတ္ထုစာအုပ်ထဲက နာမည်အကြီးဆုံးဇာတ်ကောင်တစ်ခုဖြစ်တယ်။ သူ့ရဲ့ ပရိသတ်တွေက ထန်းမော့ရဲ့ မှောင်မိုက်တဲ့အဆုံးသတ်ကို မကြိုက်ကြဘူး။ အဲ့တာကြောင့် သူတို့က ထန်းမော့ပါဝင်တဲ့ fan made novel တွေရေးလာကြတယ်။ အဲ့စာအုပ်ထဲမှာဆိုရင် ထန်းမော့က ငယ်ငယ်လေးတုန်းက ခြေထောက် မကောင်းလို့ဆိုပြီး အနိုင်ကျင့်ခံရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူက ပြန်ပြီး မတ်တပ်ရပ်နိုင်သွားပြီး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်လာခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်တွေတုန်းကတောင် ထန်းမော့က သူ့ရဲ့ ခန္ဓာကိုယ်ကြောင့်မလို့ သိမ်ငယ်စိတ်ခံစားနေရတဲ့ မှုန်မှိုင်းနေတဲ့ကောင်လေးတစ်ယောက်ပဲဖြစ်တယ်။ သူငယ်ချင်းတွေက သူ့ကို လမ်းမလျှောက်နိုင်တဲ့ အရူးဆိုပြီး သူ့နောက် မှာ သူ့ကို လှောင်ပြောင်ကြတယ်။ ထန်းမော့က wheelchair ပေါ်တင်ထားတဲ့ သူ့ရဲ့ လက်ချောင်းတွေ ဖြူစုတ်လာတဲ့အထိ စုပ်ညစ်ထားတယ်။ ရုတ်တရက် လူအုပ်ထဲကနေပိန်ပိန်ပါးပါးကောင်မလေးတစ်ယောက် ထွက်လာပြီးတော့ လှောင်နေတဲ့ အတန်းဖော်ကို လက်သီးနဲ့ထိုးလိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now