အပိုင်း(၈၅)

4.4K 825 26
                                    

Unicode
နှစ်ဝက်ကြာပြီးသွားတဲ့နောက်မှာ ချောင်ယွမ်က ပိုပြီးတော့တောင် ဝလာတယ်။ သူက အမြန်ပြေးလာပြီး အားလုံးရဲ့အံ့ဩနေတဲ့ မျက်လုံးတွေအောက်မှာပဲ ချောင်လန့်လက်မောင်းကို ဆွဲသွားလိုက်တယ်။ " ငါ့နောက်လိုက်ခဲ့။ ဒီကိုလာခဲ့ဦး။ "

ပိုင်ယွီက မျက်မှောင်ကျုံ့လိုက်ပြီး စဥ်းတောင်မစဥ်းစားလိုက်ဘဲ ဖက်တီးလေးကို တွန်းပစ်လိုက်တယ်။ " နင်က ဘယ်သူလဲ။ နင်ရူးနေလား!! "

" ငါက သူ့မောင်လေးပဲ " ချောင်ယွမ်က စိတ်မရှည်စွာနဲ့ အမြန်ပြန်ပြောလိုက်တယ်။ ခုနတုန်းက သူနဲ့ သူ့အတန်းဖော်တွေကစားနေကြတာ။ ကောင်လေးတစ်ချို့က ချောင်လန့်ကို ခေါ်လာဖို့ သူ့ကို အားပေးလိုက်တယ်လေ။

ချောင်လန့်ကို အနီးကပ်ကြည့်လိုက်တော့မှ ချောင်လန့်ဘယ်လောက်ပြောင်းလဲသွားတာကို မြင်ပြီး သူလန့်သွားသေးတယ်။ ဒါပေမဲ့ အခုက လန့်ဖို့အတွက် အရမ်းနောက်ကျနေပြီလေ။ သူ့အတန်းဖော်တွေက ဟိုနေရာမှာ စောင့်နေတုန်းပဲကို။ ချောင်ယွမ်က ချောင်လန်နဲ့ အချိန်မဖြုန်းချင်တော့ဘူး။ " ဟိုနေရာကို လျှောက်လာခဲ့။ ပြီးတော့ ငါ့သူငယ်ချင်းတွေနဲ့ တွေ့ပေး။ "

ချောင်လန်က ရွံရှာတဲ့အမူအရာကို ကွယ်ဝှက်မနေဘဲ အနောက်ကိုလှည့်လိုက်ပြီး ထွက်သွားလိုက်တယ်။ " မသွားဘူး "

" ငါက နင့်ကို အဲ့ကိုခေါ်လာမယ်လို့ သူငယ်ချင်းတွေကို ပြောထားပြီးသားကြီး။ တစ်ကယ်လို့ နင်မလိုက်လာဘူးဆိုရင် ငါသူတို့ကို ညနေစာ ဝယ်ကျွေးနေရလိမ့်မယ်။ "

ချောင်လန်က ရပ်လိုက်ပြီး ရုတ်တရက် ရယ်လိုက်ကာ အနောက်ကိုလှည့်လိုက်တယ်။ " အဲ့တာဆိုလဲ သွားလေ။ သွားဝယ်ကျွေးလိုက်ပေါ့။ နင်ပဲ သူတို့ကို မုန့်ဝယ်ကျွေးဖို့ဆိုပြီး ပိုက်ဆံတွေ ခိုးခိုးနေတာ ၁ခါ၂ခါမှ မဟုတ်တာပဲကို။ "

ချောင်လန်က အစက ပျော်နေခဲ့တာ။ ဒါပေမဲ့ သူမချောင်ယွမ့်ကို တွေ့လိုက်တော့ ရုတ်တရက် ပြန်ပြီးစိတ်တိုလာပြန်တယ်။ ပြီးတော့ သူမက ချောင်ယွမ်နဲ့ အချိန်အကုန်မခံချင်တော့ဘူးလေ။ " တစ်ကယ်လို့ နင် ငါ့နားကို ထပ်လာရဲမယ်ဆိုရင် နင့်ပိုက်ဆံတွေက ဘယ်ကလာတာလဲဆိုတာ နင့်သူငယ်ချင်းတွေကို ငါသွားပြောပစ်လိုက်မှာနော်။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now