အပိုင်း(၁၇)

6.3K 1K 25
                                    

Unicode
အမှတ်တွေထွက်ပြီးတဲ့ခဏပိုင်းအတွင်းမှာပဲ အထက်တန်းပထမနှစ်တစ်ခုလုံး သိလိုက်ကြတော့တယ် ချန်ယောင်းရန်က သူ့ရဲ့ပထမနေရာကို ဆက်ပြီးမထိန်းနိုင်တော့ဘဲ ချောင်လန်လို့ခေါ်တဲ့ ကောင်မလေးက သူ့ကိုဒုတိယနေရာကို တွန်းထုတ်တာခံလိုက်ရတယ်ဆိုတဲ့အဖြစ်ကိုလေ။

ချောင်လန်က ဘယ်သူလဲ???

ဘယ်သူမှမသိကြဘူး။

ဒါပေမဲ့ ဒါက တခြားအခန်းက ကျောင်းသားတွေအပေါ်မှာ သိပ်ပြီး သက်ရောက်မှုမရှိခဲ့ပါဘူး။ သူတို့အားလုံးက ချန်ယောင်းရန်ကို တစ်ယောက်ယောက်က တွန်းချနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကိုပဲ သက်ပြင်းချနိုင်ကြတယ်။ ပြီးတော့ အဲ့တာကလဲ ၁မှတ် ၂မှတ်လဲမဟုတ်ဘူးလေ။ အမှတ်၃၀နီးပါးကြီးတောင်။

အရင်လပတ်စာမေးပွဲတုန်းက ချန်ယောင်းရန်က ဒုတိယရတဲ့သူကို အမှတ်၃၀နီးပါးလောက် ရိုက်ချနိုင်ခဲ့တာပဲ။

လူအားလုံးက ချန်ယောင်းရန်ကို ကြိုက်နေတာတော့မဟုတ်ဘူး။ အနည်းဆုံးတော့ ဟောင်ရင်က သူ့ကို ကြည့်မရဘူး။ နေ့တိုင်းနေ့ လူတွေက သူနဲ့ချန်ယောင်းရန်နဲ့ကို နှိုင်းယှဥ်ပြီး ပြောပါလိမ့်မယ် သူက ချောပေမဲ့လို့ ချန်ယောင်းရန်လောက် မတော်ဘူးလို့လေ။

ချန်ယောင်းရန်က ရိုက်ချခံလိုက်ရပြီး ဒုတိယနေရာကျသွားတယ်လို့ ကြားလိုက်ရတ​ဲ့အချိန်မှာ ဟောင်ရင် ပျော်သွားခဲ့တယ်။ ချန်ယောင်းရန်ကို ရိုက်ချနိုင်ခဲ့တဲ့ လူရဲ့နာမည်ကို သူမြင်လိုက်ရတဲ့အချိန်မှာ ဟောင်ရင်က ပိုတောင်ပျော်သွားခဲ့ရတယ်။

Fuck!! ဒီကျောင်းသူက သူစာကူးချခဲ့တဲ့ကျောင်းသူမလား။

စိတ်ပျက်နေရာကနေ ပျော်ရွှင်သွားတဲ့ လုံးဝ ပြောင်းပြန်အခြေအနေကြီးကို တွေ့ကြုံခံစားလိုက်ရအပြီးမှာတော့ ဟောင်ရင်က ချောင်လန်ရဲ့နာမည်ကို ထိပ်ဆုံးမှာတွေ့လိုက်ရချိန်မှာ ရုတ်တရက် သူ့စိတ်ထဲမှာ ဂုဏ်ယူမှု ပြီးတော့ ရင်းနှီးကျွမ်းဝင်မှုတွေပေါ်ပေါက်လာတော့တယ်။

နောက်အခန်းတစ်ခုမှာ ချောင်လုကလဲ သူမရဲ့အဆင့်ကို စိတ်ပူပန်စွာနဲ့ကြည့်နေခဲ့တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now