အပိုင်း(၇၅)

4.9K 910 14
                                    

Unicode

ချောင်လန် စားပွဲကနေထသွားတာ ၁မိနစ်တောင်မရှိသေးဘူး ထန်းမော့စိတ်ထဲမှာတော့ အတွေးပေါင်းသောင်းခြောက်ထောင်လောက် ပေါ်လာနေပြီ။

အဲ့အချိန်အတွင်းမှာ ချောင်လန်က ဘယ်နေရာကမှန်းမသိတဲ့ မှန်တစ်ချပ်ကို ရှာလာတယ်။ ပြီးတော့ ထန်းမော့ဘေးမှာ ထိုင်ဖို့ ထိုင်ခုံကို ရွှေ့လိုက်တယ်။ မကြာခဏဆိုသလိုပဲ သူမလက်မောင်းက ထန်းမော့လက်မောင်းကို သွားသွားထိမိနေတယ်။ သူတို့ကျောင်းမှာ တစ်စားပွဲထဲထိုင်တုန်းကနဲ့ ခံစားချက်ခြင်းမတူဘူး။ ကျောင်းမှာတုန်းက ကျောင်းယူနီဖောင်းတွေဝတ်ထားရတာလေ။ အိမ်ကကျတော့ အရမ်းနွေးထွေးတယ်။ အဲ့တာကြောင့် ထန်းမော့ ချောင်လန့်ရဲ့ နွေးနေတဲ့ အရေပြားကို ခံစားလို့ရနေတယ်။

အဲ့တာက သူ့အရေပြားထက် အများကြီး ပိုနွေးတယ်။

ချောင်လန်က မှန်ကို ထန်းမော့ရှေ့မှာထားပေးလိုက်တယ်။ " ကောင်းပြီ။ အခြေခံအကျဆုံးဟာကနေ စသင်လိုက်ရအောင်။ အဲ့တာကတော့ အပြုံးတွေပဲ။ အပြုံးတွေက အမျိုးအစားအများကြီးပဲ ရှိတယ်။ ပုံမန်အပြုံး၊ ရယ်ပြုံး၊ ကောက်ကျစ်တဲ့ အပြုံး၊ မဲ့ပြုံး.. အများကြီးရှိတာပေါ့။ ဒီနေ့ ငါတို့က အရိုးရှင်းဆုံး အလွယ်ကူဆုံး တစ်ခုကို စသင်မယ်။ အခြေခံအကျဆုံး အပြုံးပေါ့။ ငါ့ကို ကြည့်နော်! "

ထန်းမော့က ခေါင်းကိုလှည့်လိုက်တယ်။

အားးး အရမ်းနီးကပ်နေတာပဲ။

" ဘယ်လိုအပြုံးပဲ ဖြစ်ဖြစ် နှုတ်ခမ်းထောင့်တွေက တစ်ဖြည်းဖြည်း မြင့်တက်သွားတယ်နော်။ တစ်ချို့အပြုံးတွေက အကွေးကြီးတယ်။ တစ်ချို့အပြုံးတွေကကျတော့ ကွေးတာ သေးတယ်။ အပြုံးဆိုတာက လူတိုင်းလုပ်လေ့ရှိတဲ့ တူညီတဲ့ မျက်နှာထားတစ်ခုပဲ။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင် ပြုံးဖို့ဆိုရင် နင် နှုတ်ခမ်းလေးကို အပေါ်ကို နည်းနည်းလေး ကွေးပေးရမယ်။ ငါပြောတာနည်းနည်းလေးဆိုတော့ နှုတ်ခမ်းအကျယ်က သိပ်မကြီးဘူးနော်။ အဲ့တာကြောင့် ပါးစပ်ထောင့်တွေရဲ့ အကွေးကလဲ အရမ်းကြီး ကျယ်မှာ မဟုတ်ဘူး။ အခု ငါလုပ်နေသလိုမျိုးလေ။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now