အပိုင်း(၃၉)

6K 1K 21
                                    

Unicode
သူမမေးလိုက်တဲ့ မေးခွန်းက အရမ်းကျယ်ပြန့်တယ်။ ထန်းမော့က ခဏလေးနဲ့ နားမလည်ဘူးဖြစ်သွားတယ်။ သူမက သူ့ကျန်းမာရေး အခြေအနေကို မေးတာလား၊ ဒါမှမဟုတ် စာမေးပွဲကို မေးချင်တာလား။

ထန်းမော့ဝေခွဲမရဖြစ်နေတာကို မြင်လိုက်ရတော့ ချောင်လန် ကြောင်သွားတယ်။ ပြီးတော့မှ ပြဿနာကို နားလည်သွားတယ်။ သူမ ထန်းမော့ကို ဒီလိုကြီးမရေမရာကြီး မေးလို့မရဘူး။ သူမ ရှင်းရှင်းလင်းလင်းမေးမှ ရမယ်။ ဒီနေ့စာမေးပွဲကြောင့် သူမ စိတ်တွေကယောင်ခြောက်ခြားဖြစ်နေတာနေမယ်။ သူမ IQက ပုံမှန်ဟုတ်မနေဘူး။

" စာမေးပွဲကို ပြောတာ ခက်တယ်လို့ နင်ထင်လား "

ထန်းမော့က ရိုးသားစွာနဲ့ပဲ ခေါင်းကို ခါယမ်းလိုက်တယ်။

" မခက်ပါဘူး " သူပြောလဲပြီးသွားရော သူပြောတာ မလုံလောက်သေးဘူးလို့ သူခံစားလိုက်ရလို့ နောက်ထပ်စာကြောင်းတစ်ကြောင်းကို ထပ်ပြောလိုက်တယ်။ " အရမ်းရိုးရှင်းတယ် "

physics စာမေးပွဲမေးခွန်းကြောင့်မလို့ ရူးတော့မယ်လို့ ခံစားနေရတဲ့ ချောင်လန် : ......

ဟုတ်ပြီ။ ထားလိုက်ပါတော့။ လူတော်တွေနဲ့ သာမန်လူတွေကြားက ကွာခြားချက်ကို သူမ နားလည်တယ်။ ဒါပေမဲ့ အခုက လူတော်တွေနဲ့ ဥာဏ်ကြီးရှင်တွေကြားက ကွာဟချက်က သူမ ထင်ထားတာထက် ပိုကြီးနေတယ်ဆိုတာ သူမ နားလည်လိုက်ရပြီ။

ချောင်လန့် မျက်နှာပေါ်က ပြိုလဲသွားတဲ့ အမူအရာကပဲ အရမ်းသိသာနေတာလားတော့ မသိဘူး ထန်းမော့တောင်မှ ရေးရေးလေး သတိထားမိသွားတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာ သူ မစဥ်းစားတက်ဘူး။ သူမ ဝမ်းနည်းနေတယ် ဆိုတာလောက်ပဲ သူ မြင်ရတယ်။

ထန်းမော့က ခဏလောက် စဥ်းစားလိုက်တယ်။ ပြီးတော့ ခဏလောက် တုံ့ဆိုင်းနေပြီးတော့ မေးလိုက်တယ်။ " နင် ဝမ်းနည်းနေတာလား "

ထန်းမော့က တစ်ကယ်ကြီး သူမ စိတ်အပြောင်းအလဲကို သိနိုင်တာလား။

ချောင်လန်က ငေးနေမိတယ်။ ခဏလောက် ရပ်ဆိုင်းသွားပြီးတော့မှ အမြန်ပြောလိုက်တယ်။ " ငါ ဝမ်းနည်းနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ စာမေးပွဲက မလွယ်ဘူးလို့ ငါခံစားနေရလို့။ မေးခွန်းက တစ်ကယ်ကြီး အရမ်းခက်လို့လေ။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now