အပိုင်း(၈၉)

3.9K 701 26
                                    

Unicode
ထန်းမော့က သူမကို ဒီတိုင်းဘာသိဘာသာပဲ ကြည့်လိုက်တယ်။ ပြီးတော့ အကြာကြီးကြာသွားတော့မှ အဆုံးမရှိတဲ့ ရယ်ချင်စိတ်က ပေါ်လာခဲ့တယ်။

" ငါ့ကိုကြိုက်တယ် " ထန်းမော့က ရှန်းရှောင်ဟန်ကို ကြည့်လိုက်တယ်။ " နင်ခုနကပဲ ပြောလိုက်တာလေ။ ငါက ပုံမန်လူမဟုတ်ဘူးလို့။ "

ရှန်းရှောင်ဟန်က သူ့ကိုတောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ " ငါအဲ့တာကိ ဂရုမစိုက်ပါဘူးဟ။ နင်က အခုချောင်လန့်ကို နင့်ဆက်ဆံသလိုမျိုး ငါ့ကိုဆက်ဆံပေးမယ်ဆိုရင်ပဲ ငါကရနေပါပြီ။ ငါက နင့်ကို အထင်အမြင်သေးမှာ မဟုတ်ပါဘူး။ "

သူ့ကိုအထင်အမြင် မသေးဘူး??

ထန်းမော့က နောက်ဆုံးတော့ စကားလုံးတစ်လုံးရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့တယ်။

ရယ်စရာကောင်းတယ်.....

သူ့ရဲ့သိမ်ငယ်စိတ်က ဘာကြောင့်ဖြစ်လာတာလဲဆိုတော့ သူက ချောင်လန့်ကို ဂရုစိုက်လို့ အလေးထားလို့လေ။ အဲ့တာကြောင့် သူက သူမရှေ့မှာဆိုရင် သူ့ကိုယ်သူတန်ဖိုးမရှိဘူးလို့ ခံစားနေရတာ။

သူက ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိဘူး။ ပြီးတော့ အဲ့တာက သူ့အရိုးထဲထိ စွဲနေတာလေ။ ဒါပေမဲ့ ရှန်းရှောင်ဟန်နဲ့ကျတော့ သူက ဘာလို့ သိမ်ငယ်စိတ်ရှိရမှာလဲ။ ပြီးတော့ သူက ဘာလို့ သူမအမြင်ကို ဂရုစိုက်နေရမှာလဲ။

" ချောင်လန်က ငါမစဥ်းစားရဲတဲ့ အိမ်မက်တစ်ခုပါ " ထန်းမော့က ရှန်းရှောင်ဟန်ကို ကြည့်လိုက်ပြီး ဖြေးဖြေးချင်းပြောလိုက်တယ်။ " ဒါပေမဲ့ နင်က ဘာမလို့လဲ "

ရှန်းရှောင်ဟန် မျက်နှာပေါ်က ရှက်သွေးဖြာနေမှုက ချက်ချင်းကိုပဲ ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားတယ်။ ပြီးတော့ သူမက ထန်းမော့ကို အံ့ဩစွာကြည့်လိုက်တယ်။

ထန်းမော့က သူမကို အထင်အမြင်သေး စက်ဆုပ်နေတာလား??

သူမကိုလှောင်ပြောင်ဖို့ သူ့မှာ ဘာအရည်အချင်းတွေရှိနေလို့လဲ??

ရှန်းရှောင်ဟန်က မတ်တပ်ရပ်လိုက်တယ်။ " နင် ယုံချင်ယုံ မယုံချင်နေ။ ငါ အခုချက်ချင်း ချောင်လန့်ကို နင့်အတွေးတွေကို ပြောပြလိုက်လို့ရတယ်။ ပြီးတော့ နင့်စိတ်ထဲမှာ ဖြစ်နေတဲ့ ရွံစရာကောင်းတဲ့ အတွေးတွေကို သူမကို ပေးသိလိုက်လို့ရ..... "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now