အပိုင်း(၆)

6.7K 1K 18
                                    

Unicode
ချောင်လန် သူမခုံကိုပြန်လာတဲ့အချိန်မှာ သူမရဲ့ deskmate က သူမထိုင်ခုံကို ချောင်လန်နဲ့ ဝေးရာကို ဆွဲလိုက်တယ်။ သူမလုပ်နေတဲ့ပုံကြီးက ချောင်လန်ကပဲ ပလိပ်ရောဂါသည်ကြီးကျနေတာပဲ။

သူမက တမင်သက်သက် ချောင်လန်ကို လျစ်လျူရှုထားပြီး ချောင်လန်နဲ့ဝေးရာမှာ နေတာက ချောင်လန့်ကို အရှက်ကွဲတာကို မြင်ချင်လို့လေ။ ဝမ်းနည်းစရာကောင်းတာက ချောင်လန်က တည်တည်ငြိမ်ငြိမ်ပဲ စာတွေဖတ်နေပြီး မှတ်စုတွေတောင် ရေးနေလိုက်သေးတယ်လေ။ သူမရဲ့ မျက်နှာပေါ်က အမူအရာက အရမ်းပျော်နေတဲ့ပုံပဲ။

deskmate က ခဏလောက်တော့ စိတ်ရှုပ်သွားပြီး ခုနက သူမသူငယ်ချင်းတွေပြောတာကို မှတ်မိသွားတယ်။ အဲ့တာကို သတိရသွားတော့ သူမရဲ့ မျက်နှာထားက ပြေလျော့သွားတယ်။

ဒီနေ့ သူမသူငယ်ချင်းတွေပြောတာတော့ ချောင်လန်က စုန့်ယောင်ရဲ့ ချန်ယောင်းရန်ကို သူမရဲ့ နောက်ကွယ်မှာ လိုက်နေတာဆိုပဲ။ အဲ့ဒါကနေ သူမက ဘယ်လောက်တောင် ဒီအတန်းထဲမှာ ဝင်ဆံ့ချင်နေလဲဆိုတာ မြင်နိုင်တယ်။ အဲ့ဒါကြောင့် သူမက ဘယ်လိုလုပ် သူတို့ရဲ့ လျစ်လျူရှုပြီး ဝိုင်းပယ်ထားမှုတွေကို အကြာကြီး ခံနိုင်မှာလဲ။ သူမက ဒါတွေကို ဂရုမစိုက်ချင်ယောင်ဆောင်နေတာ သိသာတယ်။

အင်းးး ဖြစ်နိုင်တာက သူမက သူတို့ရဲ့ နောက်ကွယ်မှာ ကြိတ်ငိုနေပြီးတော့ ချင်းယန်နဲ့ သူမတို့ကို ဘယ်လို ကျေနပ်အောင် ပြန်လုပ်ပေးရမလဲဆိုတာ တွေးနေလောက်တယ်။ နောက်ပြီး ထပ်ပြောရရင် သူမက ချောင်လန်ဘေးမှာ အကြာကြီးထိုင်ရတော့မှာမဟုတ်ဘူး။

အတန်းပိုင်ဆရာက ပြောတယ် နှစ်ဝက်စာမေးပွဲဖြေပြီးရင် ထိုင်ခုံနေရာတွေကို စာမေးပွဲမှာရတဲ့ အဆင့်အတိုင်း ပြောင်းထိုင်ခိုင်းမယ်လို့လေ။

အရင်လပတ်စာမေးပွဲတုန်းက ချောင်လန်ရဲ့ အဆင့်တွေက ဟိုးနောက်ဆုံးနားကပ်နေတာပဲ။ သူတို့က နောက်ထပ်အတူတူထိုင်ရတော့မှာမဟုတ်ဘူး။ ဒါတင်မကဘူး သူမက သူမရဲ့ အဆင့်ကို အားကိုးပြီးတော့ ချန်ယောင်းရန်နဲ့ နီးစပ်ဖို့ ကြိုးစားလို့လဲရသေးတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now