အပိုင်း(၉၃)

4.1K 727 11
                                    

Unicode

ဒုတိယအစ်မချောင် နောက်တစ်ခါအိမ်ပြန်လာတော့လဲ သူမက တစ်ယောက်ထဲပဲ ဖြစ်နေတုန်းပဲ။

ဒါကို အဖွားချောင်နဲ့ အမေချောင်တို့က နည်းနည်းတော့ စိတ်တိုတာပေါ့။ ဒုတိယအစ်မချောင်က လက်ထပ်ပြီး ကလေးရတာဖြစ် ၁နှစ်တောင်ကျော်နေပြီလေ။ ဒါပေမဲ့ သူမက သူမမြေးကိုအသာထားဦး သူမရဲ့ဒုတိယသမက်ကို မြင်တောင်မမြင်ဘူးသေးဘူး။ သူတို့မင်္ဂလာဆောင်တုန်းကလွဲလို့ပေါ့။

ဒုတိယအစ်မချောင်ကတော့ သူမယောက်ျားက အရမ်းအလုပ်ရှုပ်နေလို့ ပြီးတော့ ကလေးကလဲ သူ့ကိုစောင့်ရှောက်ဖို့ ကလေးထိန်းရှိလို့ ဆိုပြီး အကြမ်းဖျင်းပြောလိုက်တာပေါ့။ သူမယောက်ျားက သူမမိသားစုကို လုံးလုံးမကြိုက်လို့ ဒီကိုမလာချင်တာလို့ အဖွားချောင်နဲ့ အမေချောင်တို့ကို ပြောဖို့ သူမက ရှက်မနေဘူး။ အဲ့တာကြောင့်လဲ သူက ကလေးကို အမေချောင်တို့ဆီ ခေါ်မသွားခိုင်းတာလေ။

ဒုတိယအစ်မကတော့ မသိဘူး ဒါပေမဲ့ အဖွားချောင်က ဒါကိုကြားလိုက်တော့ ဒေါသထွက်သွားတယ်။ သူမက သူမရဲ့ဒုတိယမြေးသမက်က အသက်၄၀နားကပ်နေတာကို သဘောမကျ မဖြစ်ရပါဘဲနဲ့ သူကကျတော့ သူမတို့မိသားစုကို ဆင်းရဲလို့ သဘောမကျဖြစ်နေရတယ်တဲ့လေ။

ဒုတိယအစ်မချောင်က အဖွားချောင်ပွစိပွစိပြောနေတာကို မကြားချင်ဘူး။ အဲ့တာကြောင့် သူမက အမေချောင်နဲ့ပဲ စကား၂ခွန်း၃ခွန်းပြောလိုက်တယ်။ သူမက ချောင်လန့်အခန်းကိုသွားပြီး တစ်ချက်ကြည့်လိုက်တယ်။ အခန်းထဲမှာ မလိုအပ်တဲ့ပစ္စည်းတွေရှိနေတာကို တွေ့လိုက်ရတော့ တစ်ခုခုမှားနေပြီဆိုတာ သူမသိလိုက်တယ်။ " ၃ယောက်မြောက်ရော ဘယ်သွားလဲ "

ဒုတိယအစ်မချောင်က သူမရဲ့ဆင်းရဲတဲ့မိသားစုဆီကို အတော်ကြာမှ ပြန်လာတာလေ။ အဲ့တာကြောင့် ချောင်လန်က အိမ်ကနေ ထွက်သွားတာ နှစ်ဝက်လောက်ရှိပြီဆိုတာကို သူမကမသိဘူး။

နှစ်ဝက်လောက်ကြာပြီးသွားပြီဆိုတော့ ချောင်လန့်အပေါ် အမေချောင်ရဲ့ဒေါသတွေလဲ ဖြေးဖြေးချင်း ပျောက်ကုန်ပြီ။ ပြီးတော့ သူမက အများကြီးမပြောတော့ဘူး။ အဓိကအကြောင်းရင်းကတော့ ချောင်ယွမ်က အိမ်ကပိုက်ဆံကိုခိုးတယ်ဆိုတဲ့ အကြောင်းကို ဒုတိယအစ်မချောင်ကို ပေးမသိချင်လို့လေ။ အဲ့တာကြောင့် ချောင်လန်က ကျောင်းအဆောင်မှာနေတယ်လို့ပဲ ပြောလိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now